ဂရိနိုင်ငံတွင် ဆန္ဒပြသူများ​နှင့်​ ရဲတပ်ဖွဲ့​ကြား​ အဓိကရုဏ်း​များ​ဖြစ်

alt

ဂရိတွင် ဆန္ဒပြမှုများ​မှတဆင့်​ အကြမ်း​ဖက်မှုများ​အသွင် ​ပြောင်း​သွား​ပြီး​နောက် ရဲများ​နှင့်​ ဆန္ဒပြသူများ​ကြား​ အဓိကရုဏ်း​များ​ ဖြစ်ပွား​ခဲ့​ကြောင်း​ သိရသည်။ နှင်း​လျှောစီး​ မျက်နှာဖုံး​များ​ ဝပ်ဆင်ထား​သော လူငယ်များ​သည် ​ဖေ​ဖော်ဝါရီလ ၂၃ ရက်​နေ့​က အဓိကရုဏ်း​ နှိမ်နင်း​ရေး​ ရဲများ​အား​ မီး​လောင်ဗုံး​များ​ဖြင့်​ ပစ်​ပေါက်ခဲ့​ကြသည်။

အစိုး​ရ၏ ဘဏ္ဍာ​ရေး​ဆိုင်ရာ လုပ်​ဆောင်ချက်များ​ကို မ​ကျေနပ်သည့်​ ပြည်သူများ​ ​အေသင်တွင် ဆန္ဒပြရာမှ အကြမ်း​ဖက်မှုများ​ ပါလာခြင်း​ဖြစ်သည်။ ​အေသင်မြို့​တော်ရှိ ဆင်တက်မာ ရင်ပြင်တွင် ​မော်​တော်ဆိုင်ကယ်စီး​ ရဲများ​မှာ ဓာတ်ဆီဖြည့်​ထား​သည့်​ မီး​လောင်ပုလင်း​ဗုံး​များ​ဖြင့်​ ပစ်​ပေါက်ခြင်း​ ခံခဲ့​ရသည်။ ရဲအရာရှိ တစ်ဦး​မှာ ယူနီ​ဖောင်း​ မီး​လောင်ခံရပြီး​နောက် လုပ်​ဖောက်ကိုင်ဖက်များ​က ၎င်းမီး​ကို ဝိုင်း​ဝန်း​ငြှိမ်း​သတ်​ပေး​ခဲ့​ရသည်။

ဆန္ဒပြသူများ​က ​ရေ​ပေါ်ဆီ လူတန်း​စား​၏ ကြိုး​ကိုင်မှုကို ခံ​နေရသည့်​ အစိုး​ရအား​ ​တော်လှန်မည်ဟု ​ကြွေး​ကြော်ခဲ့​ကြသည်။ ​သွေး​ဆူ​နေ​သော လူငယ်များ​သည် လမ်း​ပေါ်ရှိ ခင်း​ထား​သော ​ကျောက်ပြား​၊​ ​ကျောက်တုံး​များ​ကို ဖြုတ်ထုတ်ကာ ရဲများ​အား​ ပစ်​ပေါက်ခဲ့​ကြောင်း​ မျက်မြင်များ​ကဆိုသည်။ ရဲများ​က ​အေသင်ဆန္ဒပြပွဲသို့​ လူ​ပေါင်း​ ၃၃၀၀၀ ဝန်း​ကျင်မျှ ​ရောက်ရှိခဲ့​ကြောင်း​ ​ပြောဆိုခဲ့​သော်လည်း​ ဆန္ဒပြ​ရေး​ လှံု့​ဆော်သူများ​က လူ ၁၀၀၀၀၀ ​ကျော်ထိ ရှိခဲ့​ကြောင်း​ ​ကြွေး​ကြော်သွား​သည်။

ဂရိအစိုး​ရသည် ​ငွေ​ကြေး​အကြပ်အတည်း​ကြောင့်​ ပင်စင်​လျှော့​ချမှု၊​ အခွန်​ငွေ တိုး​မြှင့်​မှု စည်း​မျဉ်း​များ​ ထုတ်ပြန်ခဲ့​ရာ ပြည်သူများ​၏ ​ဒေါသတကြီး​ တုန့်​ပြန်မှုနှင့်​ ယခုလို ကြံု​နေရခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here