တရုတ်​အဆင့်​မြင့်​​အရာရှိ လာ​ရောက်​လည်ပတ်မှု ထိုင်ဝမ်​ပြည်သူများ​ ဆန္ဒပြ

alt

တရုတ်နိုင်ငံမှ အဆင့်​မြင့်​ အရာရှိ​တစ်ဦး​ လာ​ရောက် လည်ပတ်မှုကို ထိုင်ဝမ်​ပြည်သူများ​က ဆန္ဒပြ ကန့်​ကွက်​ခဲ့​ကြောင်း​ သိရသည်။ ​ဖေ​ဖော်ဝါရီလ ၂၄ ရက်​နေ့​က ထိုင်ဝမ်​​တောင်ပိုင်း​ ကိုဆီအန်း​သို့​ ချန်ယူလင်း​ ​ရောက်လာချိန်တွင် ဒါဇင်အနည်း​ငယ်မျှ​သော ဆန္ဒပြသူများ​က ကန့်​ကွက်ဆန္ဒပြကြခြင်း​ဖြစ်သည်။

၎င်း၏ယာဉ်တန်း​ ထိုင်ဝမ်ရှိ လမ်း​များ​တွင် ​မောင်း​နှင်သွား​စဉ် ​ရေဘူး​များ​၊​ ကြက်ဥများ​နှင့်​ ပစ်​ပေါက်ခံခဲ့​ရသည်။ ထိုင်ဝမ်အစိုး​ရသည် ရာနှင့်​ချီ​သော ရဲအရာရှိများ​ကို ချန်၏ လုံခြံု​ရေး​အတွက် ကြိုတင်​နေရာချထား​ခဲ့​သည်။ ယခုကဲ့​သို့​ ဆန္ဒပြမှုကို ရဲများ​က တား​မြစ်ခဲ့​သော်လည်း​ တစ်ဦး​တစ်​ယောက်ကိုမျှ မဖမ်း​ဆီး​ခဲ့​သလို ဒဏ်ရာရရှိမှုလည်း​ မရှိ​ချေ။ ချန်သည် ကိုဆီအန်း​တွင် ​ဒေသခံ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်များ​နှင့်​ ကုန်သွယ်​ရေး​ကိစ္စ ​ဆွေး​နွေး​သွား​မည်ဖြစ်သည်။

ယင်း​ဒေသသည် ထိုင်ဝမ် ဒီမိုကရက်တစ် ဖွံ့​ဖြိုး​တိုး​တက်​ရေး​ပါတီ၏ ဩဇာအာဏာ ကျယ်ကျယ်ပြန့်​ပြန့်​ သက်​ရောက်​သော နယ်​မြေဖြစ်ပြီး​ ယင်း​ပါတီသည် သမ္မတ မာယင်ဂျူ၏ တရုတ်နှင့်​ ပိုမိုရင်း​နှီး​သော စီး​ပွား​ရေး​ ပူး​ပေါင်း​ဆောင်ရွက်မှုကို အစဉ်ကန့်​ကွက်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here