ခန္ဓာကိုယ်တွင် မြှား​တစ်စင်း​ထုတ်ချင်း​ပေါက်စိုက်ဝင်​နေသည့်​ ငန်း​တစ်​ကောင်အား​ ခွဲစိတ်ကုသ

alt

ခန္ဓာကိုယ်ထဲသို့​ ထုတ်ချင်း​ပေါက်​အောင် မြှား​တစ်စင်း​ ဝင်​ရောက်ခြင်း​ ခံ​နေရ​သော ငန်း​တစ်​ကောင်အား​ ဆရာဝန်များ​က ခွဲစိတ်ကုသ​ပေး​လိုက်​ကြောင်း​ သိရသည်။ အ​မေရိကန်ရှိ ဝါရှင်တန်ပန်း​ခြံထဲတွင် ​ဖေ​ဖော်ဝါရီလ ၁၂ ရက်​နေ့​က မြှား​တန်း​လန်း​ ဖြစ်​နေ​သော အဆိုပါ က​နေဒါငန်း​အား​ တိရစ္ဆာန် အခွင့်​အ​ရေး​ လှုပ်ရှား​သူများ​က ကယ်ဆယ်ခဲ့​ကြသည်။

ထိုကဲ့​သို့​ မြှား​ဒဏ်ရာကြီး​နှင့်​ သီတင်း​ပတ် အ​တော်ကြာ ​နေထိုင်ခဲ့​ရပြီး​ဖြစ်သည်ဟု ယုံကြည်ရ​ကြောင်း​၊​ ယင်း​ငန်း​မ​လေး​ကို လူအများ​ ဝိုင်း​ဖမ်း​ခဲ့​ရ​ကြောင်း​ ဒီဗာရှိ ငှက်ရိုင်း​များ​ ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​စင်တာမှ ​စေတနာ့​ဝန်ထမ်း​ ဂါဘရီလီ ဘရွန်ရှ​ဝေဂါက ​ပြောကြား​ခဲ့​သည်။ မတ်လ ၁၇ ရက်​နေ့​ နံနက်ခင်း​တွင်မူ အဆိုပါ ငန်း​မာ​လေး​၏ ခန္ဓာကိုယ်အတွင်း​ စိုက်ဝင်​နေသည့်​ မြှား​တံအား​ ဟုမ်း​စတိတ် တိရစ္ဆာန် ​ဆေး​ရုံတွင် အပြီး​သတ် ခွဲထုတ်ဖယ်ရှား​ပေး​လိုက်နိုင်ပြီဖြစ်သည်။

ငန်း​မ​လေး​မှာ အလွန်ကံ​ကောင်း​ကြောင်း​ ​ကော်လိုရာဒိုရှိ အဆိုပါ ​ဆေး​ရုံမှ ဆရာဝန် ​ဒေါက်တာ ဂျယ်ရီလီဘွန်း​က ​ပြောကြား​ခဲ့​သည်။ မြှား​တံသည် ငန်း​မ​လေး​၏ နှလုံး​နှင့်​ နီး​ကပ်စွာ ဖြတ်သန်း​သွား​သော်လည်း​ နှလုံး​ကို မထိခဲ့​ကြောင်း​ ​ဒေါက်တာလီဘွန်း​ကဆိုသည်။ ကွီလီဟု အမည်​ပေး​ထား​သော ငန်း​လေး​အား​ ပိုး​သတ်​ဆေး​များ​၊​ အား​ဆေး​များ​ဖြင့်​ ဆက်လက်​စောင့်​ရှောက် ကုသ​ပေး​နေမည်ဖြစ်ပြီး​ မကြာမီ သက်သာလာပါက သဘာဝအတိုင်း​ ပြန်လွှတ်​ပေး​ရန် စီစဉ်ထား​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here