ဂျပန်ငလျင်နှင့်​ဆူနာမီအပြီး​ ၉ ရက်ကြာပိတ်မိ​နေသူနှစ်ဦး​အား​ အသက်ရှင်​လျက်​ကယ်​ထုတ်နိုင်ခဲ့​

alt

ဂျပန်နိုင်ငံ ရဲတပ်ဖွဲ့​သည် ဆူနာမီ ​ရေလှိုင်း​များ​ ရိုက်ခတ်သွား​ပြီး​နောက် အပျက်အစီး​များ​အောက်တွင် ၉ ရက်လုံး​လုံး​ ပိတ်မိ​နေသူ ၂ ဦး​အား​ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့​ကြောင်း​ သိရသည်။ မတ်လ ၂၀ ရက်​နေ့​က အီရှင်နိုမာကီမြို့​တွင် ပိတ်မိ​နေသူ နှစ်ဦး​မှာ အသက် ၈၀ အရွယ် အမျိုး​သမီး​ကြီး​ တစ်ဦး​နှင့်​ ၁၆ နှစ်သား​ ​မြေး​ငယ်တို့​ဖြစ်​ကြောင်း​ ရဲများ​က ဆိုသည်။

မတ်လ ၁၁ ရက်​နေ့​ ငလျင်ကြီး​နောက်ပိုင်း​ကတည်း​က ယင်း​တို့​နှစ်ဦး​မှာ အပြင်​လောကနှင့်​ လုံး​ဝအဆက်အသွယ်ပြတ်ကာ ပိတ်မိ​နေခဲ့​ခြင်း​ဖြစ်သည်။ ကယ်ဆယ်​ရေး​များ​က ယင်း​တို့​ကို အပျက်အစီး​ပုံ​အောက်မှ ဆွဲထုတ်နိုင်ချိန်တွင် လူငယ်​လေး​မှာ ကိုယ်အပူချိန် အလွန်​လျော့​နည်း​နေ​သော်လည်း​ သတိမလစ်​ကြောင်း​ သိရသည်။ NHK သတင်း​ဌာနက လူနှစ်ဦး​အား​ ကြိုး​များ​ဆိုင်း​ကာ ရဲရဟတ်ယာဉ် တစ်စင်း​က ဆွဲတင်ပြီး​ အီရှင်နိုမာကီ ​ဆေး​ရုံသို့​ အ​ရေး​တကြီး​ ပို့​ဆောင်​ပေး​ခဲ့​ပုံကို ​ဖော်ပြခဲ့​သည်။

ယင်း​တို့​နှစ်ဦး​အား​ ၎င်းတို့​အိမ် တည်ရှိခဲ့​သည့်​ ​နေရာမှ အထက် တစ်ကီလိုမီတာနီး​ပါး​မျှ အကွာတွင် ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ဆူနာမီ ​ရေလှိုင်း​များ​ ဝင်​ရောက်စဉ်က ပြင်း​ထန်လှ​သော ရိုက်ခတ်မှု​ကြောင့်​ မြစ်ကမ်း​အနီး​ရှိ ၎င်းတို့​၏ ​နေအိမ်မှာ ပျက်စီး​ကာ အ​ဝေး​သို့​ ​ရောက်ရှိသွား​ခြင်း​ဖြစ်သည်။

အင်ရှီနိုမာကီမြို့​ တည်ရှိရာ မီယာဂီအရပ်သည် မတ်လ ၁၁ ရက်​နေ့​ ဆူနာမီ ​ရေလှိုင်း​ဒဏ်ကို အဆိုး​ဆုံး​ ခံရသည့်​ ​နေရာတစ်ခုဖြစ်ပြီး​ ယခုအချိန်ထိ ​သေဆုံး​သူ ၅၀၀၀ နီး​ပါး​ ရှိ​နေပြီဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here