မ​လေး​ရှား​အတိုက်အခံ​​ခေါင်း​ဆောင်​တစ်ဦး​၏ အပြာ​ဗီဒီယို​​ထွက်​ပေါ်လာ

alt

မ​လေး​ရှား​နိုင်ငံ၏ ထိပ်တန်း​ အတိုက်အခံ နိုင်ငံ​ရေး​သမား​တစ်ဦး​ဟု ထင်ရသူ တစ်ဦး​နှင့်​ ပြည့်​တန်ဆာဟု ယူဆရသူ နိုင်ငံခြား​ အမျိုး​သမီး​တစ်ဦး​ လိင်ဆက်ဆံ​နေသည်ကို မှတ်တမ်း​တင်ထား​သည့်​ ဗီဒီယိုတစ်ခု ထွက်​ပေါ်လာခြင်း​ကြောင့်​ ကာယကံရှင် နိုင်ငံ​ရေး​သမား​အတွက် မျက်နှာပူစရာ ဖြစ်​နေရ​ကြောင်း​ သိရသည်။

​ဖေ​ဖော်ဝါရီလ ၂၁ ရက်​နေ့​က ကွာလာလမ်ပူရှိ ဟိုတယ်ခန်း​ တစ်ခုတွင် ရိုက်ကူး​ထား​သည်ဆို​သော အဆိုပါ မိနစ် ၃၀ ကြာ ဗီဒီယို​ကြောင့်​ နိုင်ငံ​ရေး​သမား​မှာ ပါလီမန်တွင် မျက်နှာပူစရာ၊​ ​မေး​ငေါ့​စရာ ဖြစ်​နေရသည်။ မ​လေး​ရှား​ သတင်း​ဌာနများ​အပြင် နိုင်ငံခြား​ သတင်း​များ​ကလည်း​ ယင်း​သတင်း​ကို ​ဖော်ပြခဲ့​ကြသည်။ ထိုဗီဒီယိုကို လူတစ်စုက ​ချောင်း​မြောင်း​မှတ်တမ်း​တင်ခဲ့​ပြီး​ အဆိုပါ အဖွဲ့​ကို ဒါတက်တီဟုသာ အမည်​ဖော်ပြသူ တစ်ဦး​က ဖြန့်​ဝေ​ပေး​ခဲ့​သည်။

၎င်းက မ​လေး​ရှား​ နိုင်ငံ​ရေး​သမား​များ​၏ ​ဖောက်ပြန်မှုကို မီဒီယာများ​ထံ ဖွင့်​ချလို​ကြောင်း​ ​ပြောဆိုခဲ့​ပြီး​ ယင်း​ဗီဒီယိုကို သက်ဆိုင်သူ နိုင်ငံ​ရေး​သမား​နှင့်​ ၎င်း၏ ဇနီး​သည်ထံသို့​လည်း​ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ​ပေး​ပို့​ခဲ့​ကြောင်း​ဆိုသည်။ ထိုကဲ့​သို့​ အိမ်​ထောင်​ရေး​ ​ဖောက်ပြန်မှုကို ဇနီး​ဖြစ်သူက အာဏာအတွက် မျက်ကွယ်ပြုထား​ရန် မသင့်​ကြောင်း​၊​ နိုင်ငံ​ရေး​သမား​ရော၊​ ဇနီး​သည်ဖြစ်သူပါ နိုင်ငံ​ရေး​ ​လောကမှ နှုတ်ထွက်သင့်​ပြီး​ ယင်း​ကဲ့​သို့​ ဖြစ်မလာပါက မိမိအ​နေနှင့်​ NGO အဖွဲ့​အစည်း​များ​၏ အကူအညီကိုယူပြီး​ ယင်း​ကိစ္စကို စုံစမ်း​ဖော်ထုတ်နိုင်ရန် ဖိအား​ပေး​သွား​မည်ဖြစ်​ကြောင်း​ ဒါတက်တီက သတင်း​ဌာနများ​ထံ ဆက်သွယ်​ပြောကြား​ခဲ့​သည်။

မ​လေး​ရှား​ အတိုက်အခံ PKR ပါတီမှ လူထုဆက်ဆံ​ရေး​ ဒါရိုက်တာ နစ်နာဇမီနစ်အာမက်က ယင်း​ဗီဒီယိုသည် ဖန်တီး​လုပ်ကြံထား​မှုသာဖြစ်​ကြောင်း​ Twitter မှတဆင့်​ တုန့်​ပြန်​ရေး​သား​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here