၁၉၈၈ ​လော့​ကာဘီး​လေယာဉ်ဗုံး​ခွဲမှုအား​ လစ်ဗျား​​ခေါင်း​ဆောင်​ကဒါဖီ တိုက်ရိုက်​​ညွှန်ကြား​​ခဲ့​ဟုဆို

alt

လစ်ဗျား​နိုင်ငံ၏ တရား​ရေး​ ဝန်ကြီး​ဟောင်း​က လစ်ဗျား​ခေါင်း​ဆောင် မူအမ်မာ ဂဒါဖီသည် ဗြိတိန်တွင် လူ​ပေါင်း​ ၂၇၀ ​ကျော် ​သေဆုံး​စေသည့်​ ​လော့​ကာဘီး​ ​လေယာဉ်ဗုံး​ခွဲမှုကို တိုက်ရိုက်ညွှန်ကြား​ခဲ့​ကြောင်း​ ထုတ်​ဖော်​ပြောကြား​သွား​သည်။

မူစတာဖာ အက်ဘဒယ်ဂျာလီက ဂဒါဖီသည် ၁၉၈၈ ခုနှစ်က အကြမ်း​ဖက် လုပ်ရပ်အတွက် အမိန့်​ပေး​ခဲ့​သည်ကို မိမိအတည်ပြုနိုင်​ကြောင်း​ အခိုင်အမာ ​ပြောဆိုခဲ့​သည်။ ဆွီဒင်နိုင်ငံ၊​ စ​တော့​ဟုမ်း​မြို့​ထုတ် Expressen သတင်း​စာနှင့်​ အင်တာဗျုး​တွင် တရား​ရေး​ ဝန်ကြီး​ဟောင်း​က မည်သို့​မည်ပုံ သက်​သေပြနိုင်သည်ကိုမူ မ​ပြောသွား​ချေ။ ၎င်းသည် လစ်ဗျား​တွင် ဆန္ဒပြသူများ​ကို ​ထောက်ခံပြီး​ ရာထူး​မှ နှုတ်ထွက်ခဲ့​သူဖြစ်သည်။ Expressen သတင်း​စာသည် ဂဒါဖီနှင့်​ ပတ်သက်ပြီး​ မူစတာဖာအား​ အင်တာဗျုး​ခဲ့​ခြင်း​ဖြစ်သည်။ ၁၉၈၈ ခုနှစ်က ပန်အ​မေရိကန် ​လေ​ကြောင်း​အမှတ် ၁၀၃ သည် ဗြိတိန်နိုင်ငံ၊​ ​ကောင်း​ကင်ယံတွင် ဗုံး​ခွဲခံခဲ့​ရပြီး​ ​လေထဲတွင် ၂၅၉ ဦး​သေဆုံး​ပြီး​ ​ဆေး​ရုံတွင် ​နောက်ထပ် ၁၁ ဦး​ ကွယ်လွန်ခဲ့​သည်။

ယင်း​တို့​အနက် အများ​စုသည် အ​မေရိကန်များ​ဖြစ်ရာ အ​မေရိကန်နိုင်ငံအတွက် ရာဇဝင်​ကြွေး​ ဖြစ်​နေသည်။ ထို့​အပြင် ​လေယာဉ်ဗုံး​ခွဲမှုကို ကျူး​လွန်ခဲ့​သော အက်ဘဒယ် ဘာဆက် အယ်မီဂရာဟီကို ဗြိတိန်က ဖမ်း​ဆီး​ထား​ရာမှ ၎င်း၏ ကင်ဆာ​ရောဂါ ​နောက်ဆုံး​အဆင့်​ကြောင့်​ လစ်ဗျား​သို့​ ပြန်လွှတ်​ပေး​ခဲ့​ခြင်း​အ​ပေါ် အ​မေရိကန်က မ​ကြေမချမ်း​ ဖြစ်​နေသည်။ ၂၀၀၉ ခုနှစ်၊​ ဩဂုတ်လက ဆီး​ကြိတ်ကင်ဆာ​ကြောင့်​ သက်တမ်း​ ၃ လမျှသာ ​နေရ​တော့​မည်ဆို​သော ဆရာဝန်များ​၏ မှတ်ချက်​ကြောင့်​ အယ်မီဂရာဟီအား​ စ​ကော့​အကျဉ်း​ထောင်မှ ပြန်လွှတ်​ပေး​ခဲ့​သော်လည်း​ ၎င်းသည် ယခုအချိန်ထိ သက်ရှိထင်ရှား​ဖြင့်​ လစ်ဗျား​တွင် ​နေထိုင်​နေဆဲဟု သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here