ဂါဇာမှ ပစ်လွှတ်လိုက်သည့်​ ဒုံး​ကျည်​တစ်စင်း​ အစ္စ​ရေး​​​ပိုင်နက်​​အတွင်း​ ကျ​ရောက်​ထိမှန်

alt

ဂါဇာ​ဒေသမှ ပစ်လွှတ်လိုက်သည့်​ ဒုံး​ကျည်တစ်စင်း​ မိမိတို့​ ပိုင်နက်ကို ထိပါး​လာ​ကြောင်း​ အစ္စ​ရေး​က ​ပြောကြား​လိုက်သည်။ ဘီယာရှီဘာရှိ အိမ်တစ်လုံး​ကို ​ဖေ​ဖော်ဝါရီလ ၂၃ ရက်​နေ့​က ဒုံး​ကျည်ထိမှန်ခဲ့​ကြောင်း​ သိရသည်။

ယင်း​ပစ်ခတ်မှုသည် ၂၀၀၉ ခုနှစ်က အစ္စ​ရေး​တပ်များ​ ဂါဇာကို အလုံး​အရင်း​ တိုက်စစ်ဆင်ပြီး​နောက် ပထမဆုံး​အကြိမ် ​ပေါ်​ပေါက်လာခြင်း​ဖြစ်သည်။ အစ္စ​ရေး​က ဒုံး​ကျည်ဖြင့်​ ပစ်ခတ်ခံရ​သော်လည်း​ အ​သေအ​ပျောက် မရှိသလို အ​ခြေအ​နေကိုလည်း​ ​အေး​ဆေး​စွာ ထိန်း​သိမ်း​ထား​နိင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အစ္စ​ရေး​သည် ချက်ချင်း​လိုလို လက်တုန့်​ပြန်ပြီး​ ဂါဇာအ​ရှေ့​ပိုင်း​ကို ​လေ​ကြောင်း​မှ တိုက်ခိုက်ခဲ့​ရာ စစ်​သွေး​ကြွ ၃ ဦး​ ဒဏ်ရာရခဲ့​ကြောင်း​ သိရသည်။

ယခုဒုံး​ကျည်တိုက်ခိုက်မှုသည် အစ္စ​ရေး​ တင့်​ကား​တစ်စင်း​ ဂါဇာတွင် ပစ်ခတ်ရာမှ ပါလက်စတိုင်း​တစ်ဦး​ ​သေဆုံး​ခဲ့​ပြီး​နောက် ​ပေါ်​ပေါက်လာခြင်း​ဖြစ်သည်။ အစ္စ​ရေး​ စစ်ဖက်ကမူ ယင်း​တင့်​ကား​သည် နယ်စပ်​ဒေသအနီး​ ဗုံး​ထောင်ရန် ကြိုး​ပမ်း​နေသည့်​ စစ်​သွေး​ကြွ အုပ်စုငယ်တစ်ခုအား​ ပစ်ခတ်ခဲ့​ခြင်း​ဟု ​ကြေညာထား​သည်။ ဘီယာရှိဘာမြို့​သည် ဂါဇာကမ်း​မြှောင်မှ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိပြီး​ ဒုံး​ကျည်ထိမှန်​သောအိမ်မှာ အ​တော်​လေး​ ပျက်စီး​သွား​ကြောင်း​ အစ္စ​ရေး​ အာဏာပိုင်များ​ကဆိုသည်။

ဂါဇာရှိ စစ်​သွေး​ကြွတို့​သည် အကွာအ​ဝေး​ အ​တော်များ​များ​ထိ ​ရောက်နိုင်သည့်​ လက်လုပ်ဒုံး​ကျည်များ​ဖြင့်​ အစ္စ​ရေး​ဖက်သို့​ ယခင်ကတည်း​က တိုက်ခိုက်​လေ့​ရှိ​ကြောင်း​လည်း​ အစ္စ​ရေး​စစ်ဖက်က ​ပြောကြား​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here