နယူး​ဇီလန်ကမ်း​ခြေတွင် ​ဝေလငါး​များ​ ​သောင်တင်​သေဆုံး​

alt

နယူး​ဇီလန်နိုင်ငံ ကမ်း​ခြေ တစ်ခုတွင်​လမ်း​ပြ​ ဝေလငါး​ အ​ကောင် ၁၀၀ ​ကျော် ​သောင်တင်​ သေဆုံး​ခဲ့​ကြောင်း​ သိရသည်။ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ တာဝန်ရှိသူများ​က စတီး​ဝပ်ကျွန်း​ ​သောင်ပြင်တွင် ​ဝေလငါး​ အ​သေ​ကောင် ၁၀၇ ​ကောင်ကို ​တွေ့​ရှိခဲ့​သည်။

နိုင်ငံ အ​နောက်​ တောင်ပိုင်း​ရှိ ကမ်း​ခြေတွင် ယခုလို အစုလိုက် ​သောင်တင်​နေပြီး​ အသက်မ​သေ​သေး​သော်လည်း​ အ​ခြေအ​နေ ဆိုး​ရွား​နေပြီဖြစ်သည့်​ အခြား​သော ​ဝေလငါး​ ၄၈ ​ကောင်ကိုလည်း​ ညင်သာ​သောနည်း​ဖြင့်​ ​သေဆုံး​စေခဲ့​ကြောင်း​ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ ဌာနမှ တာဝန်ရှိသူ တစ်ဦး​က ​ပြောကြား​ခဲ့​သည်။ မိမိတို့​က ​ရေထဲသို့​ ရောက်​အောင် ၎င်းတို့​အား​ ပြန်လည်ပို့​ဆောင်ရန် အချိန် ယူရဦး​မည် ဖြစ်​သော်လည်း​ ​ဝေလငါး​များ​သည် ၁၀ နာရီမှ ၁၂ နာရီထိ ကြာမြင့်​အောင် မည်သို့​မျှ အသက်ရှင်​တော့​မည် မဟုတ်သဖြင့်​ ယခုလို ခက်ခဲ​သော ဆုံး​ဖြတ်ချက်ကို ချခဲ့​ရခြင်း​ဟု ယင်း​က ရှင်း​ပြခဲ့​သည်။

ထိုမျှ ကြီး​မား​သော သတ္တဝါကြီး​များ​ကို ​ရေထဲသို့​ အလျင်စလို ပြန်ချရန် စီစဉ်ခြင်း​သည် လူအများ​ အတွက် အသက်အန္တရာယ် စိုး​ရိမ်ရသဖြင့်​ လုပ်ငန်း​ဆောင်ရွက်ရန် ခက်ခဲမှုများ​ ကြံုခဲ့​ရခြင်း​ဖြစ်သည်။ နယူး​ဇီလန်တွင် ​ဝေလငါး​များ​ ကမ်း​တင်​ သေဆုံး​ခြင်း​သည် မကြာခဏ ဖြစ်​ပေါ်​လေ့​ရှိပြီး​ ယခုလ အ​စောပိုင်း​ကလည်း​ ​တောင်ပိုင်း​ရှိ အပမ်း​ဖြေမြို့​လေး​ နယ်ဆန်တွင် ​ဝေလငါး​ ၁၄ ​ကောင် ကမ်း​တင်​ သေဆုံး​ခဲ့​သေး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here