ရုပ်ရှင်ကြည့်​ရင်း​ ​ပေါက်​ပေါက်​ဆုပ်စား​သည့်​​အခါ အသံ​​ကျယ်ကျယ်​ထွက်သဖြင့်​ ​သေနတ်ဖြင့်​​ပစ်သတ်ခံရ

alt

လတ်ဗီး​ယား​နိုင်ငံတွင် ရုပ်ရှင်ကြည့်​ရင်း​ ​ပေါက်​ပေါက်ဆုပ် စား​သည့်​ အခါ အသံကျယ်ကျယ် ထွက်မိ​သော​ကြောင့်​ လူတစ်ဦး​ ​သေနတ်နှင့်​ ပစ်သတ် ခံလိုက်ရ​ကြောင်း​ သိရသည်။ ​အော်စကာဆုအတွက် ​ရေ ပန်း​စား​နေပြီး​ ​ဟောလီး​ဝုဒ် မင်း​သမီး​ နာတာလီပို့​မင်း​ ​ခေါင်း​ဆောင် ပါဝင်သည့်​ အဆိုပါ ဇာတ်ကား​ကို ကြည့်​ရှု​နေစဉ်

​ဖေ​ဖော်ဝါရီလ ၁၉ ရက်​နေ့​က ယခုလို ​သေနတ်နှင့်​ ပစ်သတ်​ခံရခြင်း​​ဖြစ်သည်။ လတ်ဗီး​ယား​မြို့​တော် ရီဂါရှိ ဇာတ်ရုံတွင် စိတ်ပိုင်း​​ဆိုင်ရာ ​ဖေက်ပြန်မှုကို အသား​ပေး​ ​ဖော်ပြသည့်​ ဇာတ်ကား​​အား​ ပြသ​နေစဉ် အသက် ၄၂ နှစ်​အရွယ် အမျိုး​သား​ တစ်ဦး​သည် ​ပေါက်​ပေါက်ဆုပ်များ​ကို အသံ ကျယ်ကျယ်မြည်​အောင် စား​နေမိခြင်း ​ဖြစ်သည်။

အသက် ၂၇ နှစ်​​အရွယ်ရှိပြီး​ လတ်ဗီး​ယား​ ရဲ​သင်တန်း​ကျောင်း​မှ ဘွဲ့​ရခဲ့​သည်ဟု ယုံကြည်ရသူ တစ်ဦး​က ယင်း​ကို သည်း​မခံ နိုင်ဘဲ ပစ်သတ်ခဲ့​ခြင်း​ဟု ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​ ဆီဂီတာ ပီဒါဗာက ​ပြောကြား​ သွား​သည်။ မျက်မြင်များ​က ​သေဆုံး​ သွား​သူသည် သမီး​ဖြစ်သူနှင့်​အတူ ရုပ်ရှင် လာကြည့်​ရင်း​ ​ပေါက်​ပေါက်ဆုပ် စား​နေခြင်း​ဟု ​ပြောကြား​ခဲ့​သည်။ ကျယ်​လောင်​သော ​သေနတ်သံ​ကြောင့်​ ရုပ်ရှင်ရုံ အတွင်း​ ရုတ်ရုတ်သဲသဲ ဖြစ်သွား​ပြီး ​နောက် တရား​ခံကို ဖမ်း​ဆီး​ရမိခဲ့​သည်။

ဥ​ရောပ ယူနီယံ အဖွဲ့​ဝင်နိုင်ငံတစ်ခုဖြစ်ပြီး​ လူဦး​ရေ ၂.၂ သန်း​မျှသာ ​နေထိုင်သည့်​ လတ်ဗီး​ယား​တွင် ​သေနတ်ဖြင့်​ ရာဇဝတ်မှု ဖြစ်ပွား​ခြင်း​သည် ရှား​ပါး​သော ကိစ္စမျိုး​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here