ပါး​စပ်ဖြင့်​ လိင်ဆက်ဆံခြင်း​မှာ ​ဆေး​လိပ်​​သောက်ခြင်း​ထက် လည်​ချောင်း​​​ကင်ဆာ​ပိုဖြစ်နိုင်

alt

ပါး​စပ်ဖြင့်​ လိင်ဆက်ဆံခြင်း​သည် ​ဆေး​လိပ်​သောက်ခြင်း​ထက်ပင် လည်​ချောင်း​ကင်ဆာ ဖြစ်နိုင်​ခြေ ပိုများ​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​လိုက်သည်။ သု​တေသီများ​က အမျိုး​သမီး​များ​တွင် သား​အိမ်​ခေါင်း​ကင်ဆာ ဖြစ်​စေနိုင်သည့်​ HPV ပိုး​ ကူး​စက်ရာမှ ပါး​စပ်ဖြင့်​ လိင်ဆက်ဆံရင်း​ လည်​ချောင်း​ကင်ဆာ ဖြစ်လာ​စေတတ်​ကြောင်း​ သိရှိရသည်။

အထူး​သဖြင့်​ အသက် ၅၀ ​အောက် အရွယ်များ​တွင် ယင်း​အ​ခြေအ​နေ သိသာစွာ မြင့်​တက်လာပြီး​ အသက်အန္တရာယ် ရှိနိုင်​လောက်​သော လည်​ချောင်း​ကင်ဆာကို ဖြစ်​ပေါ်​စေနိုင်သည်ဟု အ​မေရိကန်နိုင်ငံ၊​ အိုဟိုင်း​အိုပြည်နယ် တက္ကသိုလ်မှ ပ​ရော်ဖက်ဆာ ​မော်ရာဂီလီဆင်က ​ပြောကြား​သွား​သည်။ ​ဆေး​ရွက်ကြီး​ကြောင့်​ လည်​ချောင်း​ကင်ဆာ ဖြစ်ခြင်း​ထက် လိင်အင်္ဂါတွင် ရှိ​နေသည့်​ ဗိုင်း​ရပ်စ်များ​ကြောင့်​ ဖြစ်ရခြင်း​က ပိုမိုအန္တရာယ်များ​ကြောင်း​ ပညာရှင်များ​ကဆိုသည်။

ဗြိတိန်တွင် အမျိုး​သမီး​များ​သည် သား​အိမ်​ခေါင်း​ကင်ဆာ ဖြစ်​ပေါ်​စေနိုင်သည့်​ အဆိုပါဗိုင်း​ရပ်စ် ကာကွယ်​ဆေး​ကို အသက် ၁၂ နှစ်နှင့်​ ၁၃ နှစ် အရွယ်ကတည်း​က စတင်​သောက်သုံး​ရန် အမျိုး​သား​ ကျန်း​မာ​ရေး​ ဝန်​ဆောင်မှုဌာနက တိုက်တွန်း​ထား​သည်။ နှစ်စဉ် ဗြိတိန်တွင် အမျိုး​သမီး​ ၁၀၀၀ ဝန်း​ကျင်မျှ သား​အိမ်​ခေါင်း​ ကင်ဆာဖြင့်​ ​သေဆုံး​လေ့​ရှိ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here