အိန္ဒိယနိုင်ငံမှ ကမ္ဘာ​အကြီး​မား​ဆုံး​ မိသား​စု

alt

အိန္ဒိယနိုင်ငံတွင် ​နေထိုင်သူ တစ်ဦး​သည် ကမ္ဘာ​ပေါ်တွင် အကြီး​ဆုံး​ မိသား​စုကို ပိုင်ဆိုင်ထား​ကြောင်း​ သိရသည်။ မီဇိုရမ်တွင် ​နေထိုင်​သော အသက် ၆၆ နှစ်အရွယ် ဇီယိုနာချာနာတွင် မယား​ ၃၉ ဦး​၊​ က​လေး​ ၉၄ ဦး​နှင့်​ ​မြေး​ ၃၃ ဦး​တို့​ ရှိကြပြီး​ အား​လုံး​ တစ်အိမ်ထဲတွင် ​နေထိုင်သည်။ ​

မြောက်ပိုင်း​ဒေသရှိ ဘက်တာဝမ်မြို့​မှ ကီလိုမီတာ ၁၀၀ မျှအကွာ ရွာငယ်​လေး​ တစ်ခုတွင် ​နေထိုင်သည့်​ ချာနာ၏ ​နေအိမ်တွင် အခန်း​ ၁၀၀ ရှိပြီး​ အထပ် ၄ ထပ် ​ဆောက်လုပ်ထား​သည်။ ထို့​အပြင် အိမ်၏ အမည်ကိုလည်း​ မျိုး​ဆက်သစ် ​ဂေဟာဟု မှည့်​ခေါ်ထား​ကြောင်း​ ချာနာက ရှင်း​ပြခဲ့​သည်။ ထိုအိမ်အတွက် တစ်​နေ့​တာ စား​သောက်ဖွယ်ရာ ပြင်ဆင်ချက်ပြုတ်​ရေး​မှာလည်း​ မလွယ်လှ​ချေ။ ည​နေစာ တစ်မျိုး​တည်း​ အတွက်ပင် တစ်​နေ့​လျင် ကြက်အ​ကောင် ၃၀ ၊​ အာလူး​ ကီလိုဂရမ် ၆၀ မျှနှင့်​ ဆန် ကီလိုဂရမ် ၁၀၀ မျှ လိုအပ်သည်။

ချာနာသည် တစ်နှစ်အတွင်း​ အမျိုး​သမီး​ ၁၀ ဦး​ထိ လက်ထပ်ခဲ့​ဖူး​ပြီး​ နှစ်​ယောက်အိပ် ခုတင်ကြီး​ရှိ​သော ၎င်း၏ အခန်း​နှင့်​ အနီး​ဆုံး​နေရာတွင် အငယ်ဆုံး​ မယား​ကို ထား​ရှိသည်။ ကျန်မယား​များ​ကို အသက်အရွယ်အလိုက် ပိုမို​ဝေး​ကွာ​အောင် အခန်း​များ​ စီမံထား​ခဲ့​သည်။ ၎င်းက မယား​ ၃၉ ဦး​ရှိပြီး​ အကြီး​ဆုံး​ မိသား​စုကို ပိုင်ဆိုင်ခြင်း​အတွက် ကမ္ဘာ​ပေါ်တွင် ကံအ​ကောင်း​ဆုံး​ပုဂ္ဂိုလ်အဖြစ် မိမိကိုယ်ကိုယ် ယူဆ​ကြောင်း​ ​ပြောကြား​​ခဲ့​သည်။ ချာနာ၏ ဇနီး​တစ်ဦး​ဖြစ်​သော ရင်မီနီက ချာနာသည် မိသား​စုတွင် အစဉ်အ​ရေး​အပါဆုံး​အဖြစ် ရပ်တည်​နေ​ကြောင်း​၊​ သူမသည် လွန်ခဲ့​သော ၁၈ နှစ်က ချာနာအား​ ​တွေ့​ဆုံခဲ့​ပြီး​ ၎င်းသည် တစ်ရွာလုံး​တွင် အ​ချောဆုံး​သူဖြစ်​ကြောင်း​ ​ပြောဆိုခဲ့​သည်။

ထို့​အပြင် မိသား​စုစနစ် တစ်ခုလုံး​သည် အပြန်အလှန် ​လေး​စား​ချစ်ခင်မှုဖြင့်​ ​ချော​မွေ့​သာယာစွာ ရပ်တည်​နေ​ကြောင်း​လည်း​ ရှင်း​ပြသွား​သည်။ ချာနာက ၎င်းသည် ​နောက်ထပ် ဇနီး​သစ်များ​ ရရှိရန် ​မျှော်လင့်​နေပြီး​ မိသား​စု ၄၀၀ ထိ တိုး​မြှင့်​ရန် စိတ်ကူး​ကြောင်း​ဆိုသည်။ ဖြစ်နိုင်လျင် အ​မေရိကန်ထိသွား​ပြီး​ ဇနီး​သစ်များ​ ရှာ​ဖွေလို​ကြောင်း​လည်း​ ၎င်းက ​ပြောကြား​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here