အလုပ်သမား​အား​ မှား​ယွင်း​​စွပ်စွဲသည့်​ အလုပ်ရှင်​တစ်ဦး​ ​လျော်​ကြေး​​​ပေး​​လိုက်ရ

alt

ဗြိတိန်နိုင်ငံတွင် အလုပ်ရှင်ထံမှ ပိုက်ဆံခိုး​သူ တစ်ဦး​သည် အလုပ်ရှင်ထံမှ ​လျော်​ကြေး​ရသွား​ကြောင်း​ သိရသည်။ ၎င်းအား​ အရှက်ခွဲခဲ့​ကြောင်း​ တရား​စွဲဆိုမှုကို လက်ခံပြီး​နောက် တရား​ရုံး​က ပိုက်ဆံခိုး​သူ မတ်ဂီး​ဘတ်အား​ ​ပေါင်စတာလင် ၁၃၀၀၀ ​ပေး​ချေရန် အလုပ်ရှင်​ဟောင်း​ ဆီမွန်ကရီမာအား​ အမိန့်​ချမှတ်လိုက်သည်။

ဆီမွန်သည် ဂီး​ဘတ်က ၎င်း၏ချက်လက်မှတ် စာအုပ်မှ ​ငွေ ၈၄၅ ​ပေါင်စာ လိမ်ညာထုတ်ယူသည်ကို လက်ပူး​လက်ကြပ် မိပြီး​နောက် ဂီး​ဘတ်၏ လည်ပင်း​တွင် ကျွန်​တော်သူခိုး​ပါ ဟူ၍ ​ရေး​သား​ထား​သော ဘုတ်ပြား​ကို တပ်ဆင်ပြီး​ ရဲစခန်း​သို့​ ပို့​ခဲ့​သည်။ သို့​သော်လည်း​ ရုံတင်စစ်​ဆေး​မှုများ​ ပြုလုပ်ချိန်တွင် တရား​ရုံး​က ဆီမွန်သည် မိမိအား​ မှား​ယွင်း​စွပ်စွဲ​ကြောင်း​ ​ဖြေရှင်း​မှုကို လက်ခံခဲ့​ရုံမျှမက အရှက်ရ​စေမှုအတွက် နစ်နာ​ကြေး​ ရလို​ကြောင်း​ တရား​ပြန်စွဲရန် ​တောင်း​ဆိုမှုကိုလည်း​ ခွင့်​ပြုခဲ့​သည်။

ထို့​ကြောင့်​ ဆီမွန်မှာ ​လျော်​ကြေး​ ​ပေါင် ၅၀၀၀ နှင့်​ တရား​ရေး​ ကုန်ကျစရိတ် ​ပေါင် ၈၀၀၀ တို့​အား​ ဂီး​ဘတ်ထံ ​ပေး​ဆောင်ခဲ့​ရသည်။ စိတ်ပျက်လက်ပျက် ဖြစ်​နေ​သော ဆီမွန်က ဂီး​ဘတ် မိမိထံမှ ပိုက်ဆံခိုး​သည်ကို လူတိုင်း​သိ​ကြောင်း​၊​ ယခုမူ တရား​ရုံး​ ဆုံး​ဖြတ်ချက်​ကြောင့်​ ဥပ​ဒေအ​ပေါ် ယုံကြည်မှု မရှိ​တော့​ကြောင်း​ The Mirror သို့​ ​ပြောကြား​ခဲ့​သည်။ ဆီမွန်ကမူ မိမိသည် ရရန်ရှိသည့်​ လစာကို ချက်​လက်မှတ်တွင် ​ရေး​ယူခြင်း​ဖြစ်​ကြောင်း​ တုန့်​ပြန်​​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here