မ​တော်​မတရား​​စွပ်စွဲမှု​အတွက် အင်ဒိုနီး​ရှား​​​အမျိုး​သမီး​အား​ ​နေရပ်​​​ပြန်ပို့​ရန်​​ဆော်ဒီ​​အာဏာပိုင်များ​​​​စီစဉ်

alt

ဆော်ဒီအာ​ရေဗျတွင် အိမ်​ဖော်အဖြစ် လုပ်ကိုင်​နေ​သော အင်ဒိုနီး​ရှား​ အမျိုး​သမီး​တစ်ဦး​အား​ မ​တော်မတရား​ စွပ်စွဲမှု တစ်ခုအတွက် ​နေရပ်သို့​ ပြန်ပို့​ရန် ​ဆော်ဒီအာဏာပိုင်များ​က စီစဉ်​နေပြီဖြစ်သည်။

ယင်း​အမျိုး​သမီး​က အိမ်ရှင်၏ ၉ နှစ်အရွယ် က​လေး​ငယ်က သူမအား​ မုဒိမ်း​ကျင့်​ခဲ့​ကြောင်း​ လီဆယ်တိုင်တန်း​ခဲ့​ခြင်း​ဖြစ်သည်။ ယခုအခါ သူမအား​ အင်ဒို​ကောင်စစ်ဝန်ရုံး​မှတဆင့်​ ​နေရပ်သို့​ ပြန်ပို့​ရန် စီစဉ်​နေပြီဖြစ်သည်။ ​ဆော်ဒီအ​နောက်ဖက် တာအစ်မြို့​ရှိ ​ကောင်စစ်ဝန်ရုံး​က ယခုကိစ္စနှင့်​ ပတ်သက်၍ တစုံတရာ ​ပြောဆိုခြင်း​မရှိ​ပေ။

က​လေး​၏ ဖခင်က အိမ်​ဖော်အမျိုး​သမီး​ စွပ်စွဲသည့်​ ကိစ္စအတွက် နား​မလည်နိုင်​ကြောင်း​၊​ သူမအား​ မုဒိမ်း​ကျင့်​ပါသည်ဆို​သော ၎င်း၏ အကြီး​ဆုံး​သား​သည် အသက် ၉ နှစ်သာ ရှိ​သေး​ကြောင်း​ သတင်း​ထောက်များ​အား​ ​ပြောကြား​ခဲ့​သည်။ ​

နောက်ပိုင်း​တွင် အိမ်​ဖော်ဖြစ်သူက သူမသည် စာချုပ်သက်တမ်း​ မပြည့်​မီ အိမ်ပြန်လိုသဖြင့်​ အ​ကြောင်း​ရှာ လုပ်ကြံ​​ပြောဆိုခြင်း​ဟု ဝန်ခံ​ခဲ့​သည်။ ​ကောင်စစ်ဝန်ရုံး​က အိမ်​ဖော်၏ အမှား​​အတွက် အိမ်ရှင်​ဖြစ်သူအား​ ​တောင်း​ပန်​​ပေး​ခဲ့​ပြီး​ အိမ်ရှင်ကလည်း​ သူမအား​ အိမ်ပြန်ခွင့်​ ​ပေး​လိုက်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here