ဦး​ခေါင်း​တွင်း​ မြှား​စိုက်​​နေခဲ့​သော်လည်း​ အသက်​မ​သေသည့်​ ​ကြောင် သက်ပြင်း​

alt

အ​မေရိကန်နိုင်ငံ အီလီနွိုက်ရှိ ​ကြောင်ထီး​​တစ်​ကောင်သည် ဦး​ခေါင်း​တွင် မြှား​စိုက်​နေခဲ့​သည့်​တိုင် အသက်မ​သေ​ခဲ့​ချေ။ Jynx သို့​မဟုတ် ဖိုး​​ကံ​ကောင်း​ဟု အမည်​​ပေး​ထား​သော ​ကြောင်ကြီး​သည် ​ဖေ​ဖော်ဝါရီလ ၁၈ ရက်​နေ့​က မြှား​တန်း​​လန်း​ဖြင့်​ အိမ်ပြန်​​ရောက်လာ​ကြောင်း​ အသက် ၃၃ နှစ်အရွယ် ​ဆေဒီဒီဝုဖ်က ​ပြောကြား​ခဲ့​သည်။

သူမက ​ကြောင်အား​ ​တွေ့​ရှိချိန်တွင် ​ကြောင်ကြီး​မှာ အိမ်​ရှေ့​ကြမ်း​ပြင်တွင် ၃ နာရီကြာမျှ လဲ​နေခဲ့​ပြီး​ဖြစ်သလို မြှား​မှာလည်း​ ​ခေါင်း​တွင် တန်း​လန်း​စိုက်​နေဆဲဟု ရှင်း​ပြခဲ့​သည်။ ​ဆေဒီက Jynx ၏ ဒဏ်ရာရ​နေ​သောပုံကို ဖုန်း​ဖြင့်​ ဓာတ်ပုံရိုက်ပြီး​ Facebook တွင် လွှင့်​တင်ခဲ့​ရာ ရက်စက်ကြမ်း​ကြုတ်​သော လက်သည်အ​ပေါ် ​ဒေါသထွက်​နေသူများ​က Comment များ​မှတဆင့်​ ​ဝေဖန်ရှုတ်ချခဲ့​သည်။ မြှား​သည် ​ကြောင်ကြီး​၏ ဦး​ခေါင်း​ကို ​ရှေ့​ဖက်မှ ဝင်ပြီး​ ​နောက်ဖက်သို့​ ​ဖောက်ထွက်သွား​သော်လည်း​ ကံအား​လျော်စွာ ဦး​ခွံနှင့်​ လွဲ​ချော်သွား​ခဲ့​ကြောင်း​ ဝိုင်အိုမင်း​ တိရစ္ဆာန် ​ဆေး​ကုဌာနမှ ဆရာဝန်များ​က ရှင်း​ပြခဲ့​သည်။

Jynx အား​ ခွဲစိတ်​ကုသ​ပေး​ခဲ့​ပြီး​နောက် ​ရောဂါပိုး​ မဝင်​အောင် စနစ်တကျ ဆက်လက်​ထိန်း​သိမ်း​ထား​ဆဲဖြစ်သည်။ ​ကြောင်ကြီး​​အ​နေနှင့်​ အပြည့်​အဝ ကျန်း​မာ​လာမည်ဟု ဆရာဝန်များ​က ယုံကြည်​နေ​ကြောင်း​လည်း​ ​ဆေဒီက​ဆိုသည်။ ​ဒေသ​ဆိုင်ရာ ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ဂျင်မီဒီဆင်က Jynx အား​ ယခုလို ဒဏ်ရာရ​စေခဲ့​သူအား​ ​ဖော်ထုတ်သိရှိပါက တိရစ္ဆာန်များ​အား​ အကြမ်း​ဖက်မှုဖြင့်​ ​ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်​နိုင်​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here