စင်္ကာပူသူများ​မှာ ပြီး​ပြည့်​စုံသည့်​ အိမ်​ထောင်ဖက်များ​ မဟုတ်​ကြောင်း​ စစ်တမ်း​​​က​​​ဖော်ပြ

alt

စင်္ကာပူ အမျိုး​သမီး​များ​သည် ကမ္ဘာ​ပေါ်တွင် အပြီး​ပြည့်​စုံဆုံး​ အိမ်​ထောင်ဖက်များ​ မဟုတ်ကြ​ပေ။ Strait Time သတင်း​စာ ဝက်ဆိုက်က စင်္ကာပူအမျိုး​သမီး​များ​သည် ကမ္ဘာ​ပေါ်တွင် အ​ကောင်း​ဆုံး​ လက်တွဲ​ဖော်များ​ ဖြစ်ပါသလား​ဆို​သော ​ခေါင်း​စဉ်ဖြင့်​ ပရိသတ်၏ သ​ဘောထား​ကို ​မေး​မြန်း​ခဲ့​ရာ

အများ​စုက လက်မခံ​ကြောင်း​ Comment များ​ ​ရေး​သား​ခဲ့​သည်။ သတင်း​ဌာနက အမည်​ဖော်မပြသည့်​ Dating ကုမ္ပဏီတစ်ခုမှ ​ကောက်ယူ​သော အချက်အလက်များ​ကို အ​ခြေခံကာ ယခုကဲ့​သို့​ ​မေး​ခွန်း​ထုတ်ခဲ့​ခြင်း​ဖြစ်သည်။ ယင်း​စစ်တမ်း​က ကမ္ဘာ့​နိုင်ငံ အား​လုံး​တွင် စင်္ကာပူသူများ​သည် မယား​ကောင်း​ အပီသဆုံး​အဖြစ် မဲ​ပေး​ခံရမှု ရ၃.၂၉ ရာခိုင်နှုန်း​ထိ ​ရောက်ရှိခဲ့​သည်။ ထိုစစ်တမ်း​ကို အလှအပ၊​ သစ္စာရှိမှု၊​ ရိုး​ရာယဉ်​ကျေး​မှုကို ထိန်း​သိမ်း​မှု၊​ ဘာသာစကား​ကျွမ်း​ကျင်မှု၊​ ဦး​ဆောင်နိုင်မှုစသည့်​ အချက်များ​အ​ပေါ် အ​ခြေခံ ​ကောက်ယူခဲ့​ခြင်း​ဟု သိရသည်။

သို့​သော်လည်း​ များ​ပြား​လှသည့်​ စာဖတ်သူများ​က ယင်း​စစ်တမ်း​ ရလဒ်ကို ​ဝေဖန်ခဲ့​ကြသည်။ ဝမ်​ဝေဆိုသူ တစ်ဦး​က စင်္ကာပူ အမျိုး​သမီး​များ​သည် အ​ကောင်း​ဆုံး​ ဇနီး​များ​ မဟုတ်ဘဲ မိမိကိုယ်ကိုယ် အ​ကောင်း​ဆုံး​ သ​နေသူများ​သာဖြစ်​ကြောင်း​ဆိုသည်။ အခြား​သူများ​ကလည်း​ ဝမ်၏ အမြင်မျိုး​ ​ရေး​သား​ခဲ့​ကြသည်။ သတင်း​အ​ပေါ် တုန့်​ပြန်သည့်​ Comment များ​အနက် ၂၅.၅ ရာခိုင်နှုန်း​ကသာ ယင်း​စစ်တမ်း​ရလဒ်ကို ​ကျေနပ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ တစ်ဦး​က မိမိသည် စင်္ကာပူသူ တစ်ဦး​ကို လက်ထပ်ထား​မိသဖြင့်​ အ​ကောင်း​ပြောရန်သာ ရှိ​တော့​ကြောင်း​ဆိုသည်။

စင်္ကာပူသူ တစ်ဦး​ကို လက်ထပ်ထား​သည့်​ အခြား​ပုဂ္ဂိုလ် တစ်ဦး​ကမူ မိမိ၏ ဇနီး​သည် အ​ကောင်း​ဆုံး​၊​ အပြည့်​စုံဆုံး​ အမျိုး​သမီး​ တစ်ဦး​ဟု မယူဆမိ​ကြောင်း​၊​ သို့​သော်လည်း​ အိမ်​ထောင်​ရေး​အတွက် ​ကျေနပ်နှစ်သက်စရာ အ​ဖော်​ကောင်း​တစ်ဦး​ဖြစ်​ကြောင်း​ အ​ကောင်း​မြင် သုံး​သပ်​ရေး​သား​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here