အ​ပျော်တမ်း​ရွက်လွှင့်​သူ အ​မေရိကန် ၄ ဦး​အား​ ဆိုမာလီယာ ပင်လယ်​ဓား​ပြများ​ သတ်ပစ်

alt

ဆိုမာလီယာ ပင်လယ်ဓား​ပြများ​သည် အ​မေရိကန် အ​ပျော်တမ်း​ ရွက်လွှင့်​သူ ၄ ဦး​အား​ သတ်ပစ်လိုက်​ကြောင်း​ သိရသည်။ ​ဖေ​ဖော်ဝါရီလ ၂၂ ရက်​နေ့​က စ​ကော့​အဒမ်နှင့်​ ဂျင်း​အဒမ်တို့​၏ ကမ္ဘာပတ်ပြီး​ ရွက်​လှေဖြင့်​ စွန့်​စား​သွား​လာမှုမှာ

အဆုံး​သတ်ခဲ့​ရရှာ အသက် ရ၀ အရွယ် စ​ကော့​နှင့်​ ၎င်းထက် ၄ နှစ်ငယ်​သော ဂျင်း​တို့​မှာ ၅၈ ​ပေ အရှည်ရှိ ရွက်​လှေကို ဆိုမာလီ ပင်လယ်ဓား​ပြများ​ အပိုင်စီး​ပြီး​နောက် အခြား​သော အ​ဖော်နှစ်ဦး​ဖြစ်သည့်​ အသက် ၅၉ နှစ်အရွယ် ဖီး​မာဆီနှင့်​ ၆၇ နှစ်ရှိ ​ဘော့​ရစ်ဂယ်တို့​နှင့်​အတူ အသတ်ခံခဲ့​ရသည်။ ၎င်းတို့​ ၄ ဦး​လုံး​ အ​တွေ့​အကြံုရင့်​ ရွက်​လှေသမား​များ​ ဖြစ်ကြသည်။

အိုမန်နိုင်ငံအနီး​ အာဖရိကတိုက် အ​ရှေ့​ဖက် ကမ်း​ခြေတွင် ယင်း​တို့​ ၄ ဦး​အား​ ပင်လယ်ဓား​ပြများ​က ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်သည်။ ဆိုမာလီ ဓား​ပြများ​သည် ရွက်​လှေကို ​ရေထဲတွင် ​မျှောလိုက်ပြီး​နောက် အ​မေရိကန် ၄ ဦး​ကို ဓား​စာခံများ​အဖြစ် ထိန်း​သိမ်း​ထား​ခဲ့​သည်။ ပင်တဂွန် စစ်ဌာနချုပ်က ဓား​စာခံများ​အတွက် ပြန်​ပေး​ငွေကိစ္စ ညှိနှိုင်း​ရင်း​ အပြန်အလှန် ပစ်ခတ်မှုများ​ ဖြစ်ပွား​ပြီး​နောက် ဓား​စာခံများ​ အသက်ဆုံး​ရှံုး​သွား​ကြောင်း​ ​ကြေညာခဲ့​သည်။

ပစ်ခတ်မှုများ​ ဖြစ်​ပေါ်လာပြီး​နောက် ​ရေတပ်ကလည်း​ ပင်လယ်ဓား​ပြများ​ကို ပြန်လည်တုန့်​ပြန် တိုက်ခိုက်ခဲ့​ကြောင်း​ သိရသည်။ ​ရေတပ်မှ အရာရှိ တစ်ဦး​က ပင်လယ်ဓား​ပြများ​သည် ဓား​စာခံများ​ကို ၎င်းတို့​ရှေ့​တွင်ပင် အဆုံး​စီရင်လိုက်​ကြောင်း​ ​ပြောဆိုသွား​သည်။ ယခုကိစ္စသည် အ​မေရိကန်၏ ​ရေ​ကြောင်း​သွား​လာ​ရေး​ လုံခြံုမှုအ​ပေါ် ကြီး​ကြီး​မား​မား​ ခြိမ်း​ခြောက်လာခဲ့​သည်။ ​ဖေ​ဖော်ဝါရီလ ၁၈ ရက်​နေ့​က အဖမ်း​ခံရသူများ​အတွက် အ​ကောင်း​ဆုံး​ ​ဆောင်ရွက်​ပေး​မည်ဟု သမ္မတ ဘာရတ်အိုဘား​မား​က ကတိပြုထား​ခဲ့​သော်လည်း​ မ​အောင်မြင်ခဲ့​ချေ။

ဆိုမာလီ ပင်လယ်ဓား​ပြများ​သည် ယခုနှစ်အတွင်း​ သ​င်္ဘောများ​ကို တိုက်ခိုက်မှု ၅၄ ကြိမ်ထိ ပြုလုပ်ခဲ့​ပြီး​ဖြစ်သလို သ​င်္ဘော ၁၂ စင်း​ကို ပြန်​ပေး​ဆွဲနိုင်ခဲ့​သည်။ ထို့​အပြင် ​ရေယာဉ်အမှုထမ်း​ ၂၂၈ ဦး​ထိ ဓား​စာခံအဖြစ် ထိန်း​သိမ်း​ထား​ဆဲဖြစ်​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here