၄ နှစ်အရွယ်သမီး​ကို ပူး​ပေါင်း​​မုဒိမ်း​ကျင့်​ခဲ့​သည့်​ လင်မယား​​နှစ်ဦး​အား​ ​ထောင်ဒဏ်များ​​​ချမှတ်

alt

အသက် ၄ နှစ်အရွယ် သမီး​အား​ ခင်ပွန်း​ဖြစ်သူနှင့်​အတူ မုဒိမ်း​ကျင့်​ခဲ့​သည့်​ မိခင်တစ်ဦး​အား​ အ​မေရိကန် တရား​ရုံး​တစ်ခုက အနည်း​ဆုံး​ ​ထောင်ဒဏ် ၂၉ နှစ် ချမှတ်လိုက်​ကြောင်း​ သိရသည်။ အသက် ၃၂ နှစ်အရွယ် ဟိုလီဘက်စတွန်သည်

သမီး​ဖြစ်သူအား​ ခင်ပွန်း​နှင့်​အတူ လိင်ပိုင်း​ဆိုင်ရာ ​စော်ကား​ခဲ့​ပြီး​နောက် ယင်း​ကို ဗီဒီယိုဖြင့်​ မှတ်တမ်း​တင်ကာ အင်တာနက်သို့​ လွှင့်​တင်ခဲ့​သည်။ သူမသည် က​လေး​အား​ မုဒိမ်း​ကျင့်​မှုအတွက် အပြစ်ရှိ​ကြောင်း​ ပြီး​ခဲ့​သည့်​ ဒီဇင်ဘာလက တရား​ရုံး​က အတည်ပြု အမိန့်​ချမှတ်ပြီး​ ယခုအခါ ​ထောင်ဒဏ်စီရင်ချက် ချမှတ်လိုက်ခြင်း​ဖြစ်သည်။ သူမ၏ ခင်ပွန်း​သည် က​လေး​အ​ဖေ အသက် ၃၆ နှစ်အရွယ် ဘရိုင်ယန်ဘက်စတွန်မှာမူ ပြီး​ခဲ့​သည့်​ ဇွန်လကတည်း​က ​ထောင်ဒဏ် အနည်း​ဆုံး​ ၂၆ နှစ် ချမှတ်ခံရပြီး​ဖြစ်သည်။

ယင်း​တို့​နှစ်ဦး​လုံး​သည် ​ထောင်ဒဏ်တစ်သက်စီ ချမှတ်ခံရပြီး​ အဆိုပါ နှစ်အလိုက် ပြစ်ဒဏ်များ​ထိ ​ထောင်ထဲတွင် ​လျှော့​ရက်မရှိ ​နေရမည်ဖြစ်သည်။ ထိုပြစ်ဒဏ်များ​စေ့​မှ တရား​ရေး​ အာဏာပိုင်များ​က ၎င်းတို့​အား​ လွှတ်​ပေး​ရန် သင့်​မသင့်​ ဆုံး​ဖြတ်ရမည်ဟု ဝါရှင်တန် ခရိုင်တရား​သူကြီး​ မာရီနီပစီယာမန်က ​ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့​ တရား​ခွင်တွင် စီရင်ချက် ချခဲ့​သည်။ FBI က ယင်း​တို့​စုံတွဲအား​ ၂၀၀၉ ခုနှစ် ​အောက်တိုဘာလက ဖမ်း​ဆီး​ရမိခဲ့​ခြင်း​ဖြစ်သည်။ ယင်း​စုံတွဲသည် စိတ်ပိုင်း​ဆိုင်ရာ ကုသမှုများ​ကိုလည်း​ ခံယူရဦး​မည်ဖြစ်သည်။

ဟိုလီသည် သူမနှင့်​ ခင်ပွန်း​သည်တို့​ သမီး​ဖြစ်သူအား​ မုဒိမ်း​ကျင့်​နေပုံကို MySpace တွင် လွှင့်​တင်ခဲ့​ပြီး​နောက် သူမကိုယ်ကိုယ် မိခင်​ကောင်း​တစ်ဦး​အဖြစ် ​ရေး​သား​ခဲ့​သလို သား​သမီး​အတွက် ဂုဏ်ယူသည့်​ မိဘဟုလည်း​ ​ဖော်ပြခဲ့​သည်။ ယခုအခါ ဟိုလီတို့​၏ သမီး​လေး​အား​ ဝါရှင်တန်ရှိ က​လေး​သူငယ် ကာကွယ်​စောင့်​ရှောက်​ရေး​ စင်တာတစ်ခုက ထိန်း​သိမ်း​ပေး​ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here