နှလုံး​ရောဂါအတွက် အသုံး​ပြုသည့်​ ​ဆေး​တစ်မျိုး​က ဆီး​ချို​ကြောင့်​ မျက်စိ​ကွယ်ခြင်း​ကို ဟန့်​တား​​နိုင်ဖွယ်ရှိ

alt

အ​မေရိကန်နိုင်ငံမှ ဆရာဝန်များ​က နှလုံး​ရောဂါအတွက် အသုံး​ပြုသည့်​ ​ဆေး​တစ်မျိုး​သည် ဆီး​ချို​ကြောင့်​ မျက်စိကွယ်ခြင်း​ကို ဟန့်​တား​နိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ ​ဂျော်ဂျီယာ​ဆေး​ဖက်ဆိုင်ရာ​ကောလိပ်မှ ဦး​ဆောင်​​သု​တေသီ အက်ဇီအယ်ရမ်း​ဆေး​နှင့်​ လုပ်​ဖော်ကိုင်ဖက် ပညာရှင်များ​က

ယင်း​ဆေး​သည် ဆီး​ချို​ဝေဒနာကို ၁၀ နှစ်မှ ၁၅ နှစ်ကြာမျှ ခံစား​ခဲ့​ရပြီး​နောက် အမြင်အာရုံ ဆုံး​ရှံုး​သွား​တတ်ခြင်း​ကို ကာကွယ်နိုင်မည်ဟု ​ပြောကြား​ခဲ့​သည်။

Lipitor​ ဆေး​ဝါး​ကို ဆီး​ချို​ရောဂါရှိ​နေသည့်​ ကြွက်များ​တွင် စမ်း​သပ်ခဲ့​ရာ အပြည့်​အဝ ​အောင်မြင်မှု ရရှိထား​ကြောင်း​ ​ဒေါက်တာရမ်း​ဆေး​က Daibetologia ​ဆေး​ပညာ ဂျာနယ်တွင် ​ရေး​သား​ဖော်ပြခဲ့​သည်။ သို့​သော်လည်း​ ယခု​တွေ့​ရှိမှုကို လူသား​များ​တွင် လက်​တွေ့​စမ်း​သပ် ​သောက်သုံး​ရန် အစိုး​ရ၏ ခွင့်​ပြုချက်ကိုမူ ​စောင့်​ဆိုင်း​ရဦး​မည်ဖြစ်သည်။ ​ဒေါက်တာရမ်း​ဆေး​က Lipitorသည် ဆီး​ချို​ရောဂါသည်များ​၏ အာရုံ​ကြောများ​ကို ပျက်စီး​စေသည့်​ ဓာတ်မှုန်​လေး​များ​အား​ ဟန့်​တား​ကာကွယ်နိုင်​ကြောင်း​ ရှင်း​ပြခဲ့​သည်။

ဆီး​ချိုကို မထိန်း​ချုပ်နိုင်မှု​ကြောင့်​ အမြင်အာရုံ ပျက်စီး​သွား​သည့်​ လူနာအ​ရေအတွက် တစထက်တစ မြင့်​တက်လာ​နေ​သော်လည်း​ ယခုနည်း​လမ်း​သစ်သည် အ​ကောင်း​ဆုံး​ ​မျှော်လင့်​ချက်တစ်ခု ဖြစ်လာမည်ဟု ယုံကြည်​ကြောင်း​ ၎င်းက ဆက်လက်​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here