ဂျွန်နီဒပ်၏ က​လေး​များ​က ဖခင်ဖြစ်သူ​​ကျော်ကြား​မှုအား​ လုံး​ဝ​​အထင်မကြီး​

alt

ဂျွန်နီဒပ်က ၎င်း၏ က​လေး​များ​သည် မိမိ၏ နာမည်​​ကျော်ကြား​မှု ဂုဏ်ပုဒ်နှင့်​ ပတ်သက်၍ လုံး​ဝ​အထင်မကြီး​ကြ​ကြောင်း​ ဝန်ခံ​​ပြောကြား​ခဲ့​သည်။ အသက် ၁၂ နှစ်အရွယ် လီလီရို့​စ်နှင့်​ ၁၀ နှစ်သား​ ဂျက်တို့​သည် ဖခင်​ဖြစ်သူအား​ ​ဟောလီး​ဝုဒ် စတား​တစ်ဦး​အ​နေနှင့်​ လုံး​ဝ အထင်ကြီး​လေ့​မရှိဟု ဒပ်၏ချစ်သူနှင့်​ က​လေး​များ​၏ မိခင် ဗင်နစ်ဆာ ပါရာဒစ်ကလည်း​ ​ပြောဆိုသွား​သည်။

က​လေး​များ​သည် နာမည်​ကျော်မင်း​သား​ ​ရောဘတ်​ဒေါင်နီ ဂျူနီယာ အိမ်လာလည်သည့်​အခါ စိတ်လှုပ်ရှား​ ​ပျော်ရွှင်စွာ ကြိုဆိုခဲ့​သော်လည်း​ ဖခင်ကိုမူ နာမည်​ကျော် မင်း​သား​တစ်ဦး​အဖြစ် လုံး​ဝမသတ်မှတ်ဟုဆိုသည်။ ဒပ်က က​လေး​များ​အတွက် မိမိသည် ဖခင်ဆို​သော အချက်သာ အဓိကဟု နား​လည်ထား​ကြ​ကြောင်း​ ရှင်း​ပြခဲ့​သည်။ The Touristစတား​ မင်း​သား​က ၎င်းအတွက် မိသား​စု ဘဝသည် အလွန်အ​ရေး​ပါ​ကြောင်း​ ​ပြောကြား​သွား​သည်။ ထို့​အပြင် ၎င်း၏ အသက်​မွေး​ဝမ်း​ကျောင်း​ အနုပညာအလုပ်က ၎င်း၏ ပင်ကိုယ်စရိုက် သဘာဝကို ​ပြောင်း​လဲနိုင်​အောင် သက်​ရောက်မှုရှိပြီး​ ယင်း​သည် အန္တရာယ်များ​ကြောင်း​လည်း​ သုံး​သပ်ခဲ့​သည်။

ဘဝတွင် လက်​တွေ့​ရင်ဆိုင်ရသည့်​ အ​ခြေအ​နေများ​ထက် ဇာတ်​ကောင်တစ်ခု၏ လွှမ်း​မိုး​မှုဖြင့်​ မိမိအား​ လူအများ​က ရှုမြင်ခံရခြင်း​သည် မလိုလား​အပ်​သော ဖိအား​တစ်ခုသာဖြစ်​ကြောင်း​လည်း​ ဒပ်က ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here