၁၃ နှစ်အရွယ်က​လေး​ငယ်၏ ဦး​ခေါင်း​တွင် စိုက်ဝင်​နေသည့်​ ဓား​အား​ ဖယ်ရှား​နိုင်ခဲ့​

alt

အသက် ၁၃ နှစ်အရွယ် က​လေး​ငယ်တစ်ဦး​၏ ​ခေါင်း​ထဲတွင် စိုက်ဝင်​​နေသည့်​ဓား​ကို ဆရာဝန်များ​က ဖယ်ရှား​​ပေး​လိုက်နိုင်ပြီဖြုစ်သည်။ ဟီနန်ရှိ ဇူမာဒီယန်တွင် ​နေထိုင်​သော ရန်ဟန်ဇီသည် ပန်း​သီး​ကို အခွံ​နွှာရင်း​ မ​တော်တဆ ​ချော်လဲရာမှ ၂၃.၃ စင်တီ​မီတာရှည်​သော ဓား​က ဘယ်ဖက်ပါး​မှ​တဆင့်​ စိုက်ဝင်ခဲ့​ခြင်း​​ဖြစ်သည်။

ပြီး​ခဲ့​သည့်​လက ဖြစ်ပွား​ခဲ့​သော ​သွေး​ပျက်ဖွယ် ကိစ္စ​ကြောင့်​ မိဘများ​မှာ ရန်အား​ ​ဆေး​ရုံသို့​ ပို့​ပေး​ခဲ့​ရသည်။ ဆရာဝန်များ​က ​သွေး​များ​ဖြင့်​ ရွှဲစို​နေ​သော က​လေး​အား​ စစ်​ဆေး​မှုများ​ ပြုလုပ်ခဲ့​ပြီး​ ဓာတ်မှန်မှတ်တမ်း​အရ ဓား​သည် ရ.၆၂ စင်တီမီတာ အရှည်မျှ ​ခေါင်း​ထဲဝင်​နေပြီး​ မျက်လုံး​အောက်မှ လည်​ချောင်း​အနီး​ထိ စိုက်ဝင်​နေ​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။ ဆရာဝန်များ​ကိုယ်တိုင် တုန်လှုပ်​လောက်​သော ကိစ္စဖြစ်ခဲ့​သည့်​တိုင် ယခုအခါ ရန်၏ ​ခေါင်း​ထဲမှဓား​ကို ​အောင်မြင်​ချော​မောစွာ ဖယ်ထုတ်လိုက်နိုင်ပြီဖြစ်သည်။

ကံ​ကောင်း​ထောက်မစွာဖြင့်​ အဆိုပါဓား​က က​လေး​၏ ဦး​နှောက်ကို ထိခိုက်မှု မဖြစ်​စေခဲ့​သည်မှာ ​ကျေး​ဇူး​တင်​လောက်သည့်​ အ​ကြောင်း​ဖြစ်သည်ဟု ဆရာဝန်များ​ကဆိုသည်။ ရန်သည် ယခုအခါ ​ဆေး​ရုံမှ ဆင်း​သွား​ပြီဖြစ်ပြီး​ တစ်လအတွင်း​ အပြည့်​အဝ ကျန်း​မာလာမည်ဟု ဆရာဝန်များ​က ​မျှော်လင့်​ထား​သည်။ ရန်၏ မိဘများ​က ​သေပြီထင်​သော က​လေး​အား​ ပြန်လည်ရရှိခြင်း​မှာ အလွန်ကံ​ကောင်း​ကြောင်း​ ဝန်ခံ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here