မ​လေး​ရှား​ အမျိုး​သမီး​ ၄ ဦး​အား​ လှည့်​စား​ခဲ့​သည့်​ ပိုင်း​လုံး​​အမျိုး​သား​

alt

မ​လေး​ရှား​နိုင်ငံမှ အမျိုး​သမီး​ ၄ ဦး​က သူမတို့​အား​ လှည့်​စား​ခဲ့​သည့်​ ပိုင်း​လုံး​အမျိုး​သား​ တစ်ဦး​အ​ကြောင်း​ကို စိတ်တူကိုယ်တူ ဖွင့်​ချလိုက်ကြသည်။ အသက် ၃၀ အရွယ် အမျိုး​သား​သည် တစ်လအတွင်း​ အမျိုး​သမီး​ ၄ ဦး​နှင့်​ ဆက်သွယ်ချိတ်ဆက်ကာ ​ငွေ​ကြေး​ရယူခဲ့​ကြောင်း​ သိရသည်။

အသက် ၂၈ နှစ်အရွယ်ရှိပြီး​ ချန်ဟုသာ အမည်​ဖော်ပြ​သော အမျိုး​သမီး​က အဆိုပါ လူယုတ်မာ၏ အန္တရာယ်ကို အခြား​မိန်း​က​လေး​များ​ သိရှိ​ရှောင်ရှား​နိုင်​စေရန် ၎င်း၏ သရုပ်မှန်ကို ယခုလို ​ဖော်ပြခဲ့​ခြင်း​ဟုဆိုသည်။ ကန်အစ်ဆက်​ခေါ် အမျိုး​သား​သည် ၎င်း၏ လုပ်ငန်း​သည် ယမန်နှစ်အတွင်း​ အရှံုး​ပေါ်သဖြင့်​ သူမထံမှ ရင်း​ဂစ်​ငွေ ၂၆၀၀၀ ​တောင်း​ယူခဲ့​ကြောင်း​ ချန်က ​ပြောကြား​သွား​သည်။ သူမသည် ကန်၏ သူငယ်ချင်း​ တစ်ဦး​အား​ ရဲမှတ်တမ်း​တွင် ထည့်​သွင်း​ထား​ကြောင်း​ သိရှိလာရာမှ ကန်ကိုပါ မသင်္ကာ ဖြစ်လာပြီး​ စုံစမ်း​မှုများ​ ပြုလုပ်ရာမှ အသက် ၂၀ ​ကျော် အရွယ်ရှိ​သော အမျိုး​သမီး​ ၃ ဦး​နှင့်​ သိရှိလာခဲ့​သည်။

အန်း​၊​ ဘား​နှင့်​ လီဟုသာ အမည်​ဖော်ပြ​သော အမျိုး​သမီး​များ​သည် အစ်ဆက်လီယွန်၊​ လီယွန်ကန်လီစ​သော နာမည်အမျိုး​မျိုး​ဖြင့်​ လှည့်​ဖြား​နေသည့်​ ကန်၏ သား​ကောင်များ​ ဖြစ်​နေမှန်း​ အချင်း​ချင်း​ သိရှိလာပြီး​နောက် ယင်း​ကိစ္စကို ဖွင့်​ချရန် ဆုံး​ဖြတ်ခဲ့​ကြသည်။ ထို့​အပြင် အခြား​သော ဘဝတူ အမျိုး​သမီး​များ​ ရှိ​နေပါကလည်း​ လူယုတ်မာ၏ အကြံအစည်များ​ကို ကူညီဖွင့်​ပြောရန် သူမတို့​က တိုက်တွန်း​ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here