စစ်လက်နက်နှင့်​ကာကွယ်​ရေး​ပစ္စည်း​ ဝယ်ယူမှု​တွင် အ​ရှေ့​​အလယ်ပိုင်း​က အဓိက​ဖြစ်လာ

alt

ဗြိတိသျှ လက်နက်ကုမ္ပဏီများ​က စစ်လက်နက်နှင့်​ ကာကွယ်​ရေး​ နည်း​ပညာ ပစ္စည်း​များ​ ဝယ်ယူမှုတွင် အ​ရှေ့​အလယ်ပိုင်း​ ​ဒေသသည် အဓိက အကျဆုံး​ ​နေရာတစ်ခု ဖြစ်လာ​ကြောင်း​ ​ပြောကြား​သွား​သည်။

၁၀ နှစ်​မြောက် နိုင်ငံတကာ ကာကွယ်​ရေး​ပြပွဲနှင့်​ ​ဆွေး​နွေး​ပွဲ အခမ်း​အနား​တွင် ဗြိတိန်မှ BAE၊​ Thales UK နှင့်​ Motorola UK စ​သော လက်နက်ကုမ္ပဏီများ​ ပါဝင်ပြသခဲ့​သည်။ အ​နောက်နိုင်ငံများ​မှ စစ်လက်နက်များ​ ထုတ်လုပ်မှုအတွက် အ​ရှေ့​အလယ်ပိုင်း​ ​ဒေသမှ ​ဆော်ဒီအာ​ရေဗျ၊​ UAEစသည်တို့​သည် အဓိကကျ​သော ​ဖောက်သည်များ​အသွင် ​ဆောင်လာခဲ့​သည်။ ယခုပြပွဲသို့​ အ​မေရိကန်မှ Lockheed Martin နှင့်​ L-3 Communations၊​ ပြင်သစ်မှ Renault နှင့်​ ဂျာမနီမှ Rheinmetall တို့​လည်း​ ပူး​ပေါင်း​ပါဝင်ခဲ့​သည်။

စီး​ပွား​ရေး​ အကြပ်အတည်း​ ကာလကို ​ကျော်လွန်ပြီး​နောက်ပိုင်း​ ယခုလို အ​ရှေ့​အလယ်ပိုင်း​ဒေသ လက်နက်ဝယ်လိုအား​ တက်လာခြင်း​ဟု Cassidian Systems မှ ဥက္ကဌ ဟာဗီဂွီလူက ရှင်း​ပြခဲ့​သည်။ အဓိကအား​ဖြင့်​ ​ဆော်ဒီ၊​ ဘာရိန်း​၊​ UAE၊​ အိုမန်၊​ ကာတာ၊​ ကူဝိတ်နှင့်​ ​ဂျော်ဒန်တို့​က ကာကွယ်​ရေး​အတွက် ​ဒေါ်လာ ၆၆ ဘီလျံထိ ယခုနှစ်အတွင်း​ အသုံး​ပြုဖွယ်ရှိ​ကြောင်း​ သု​တေသနကုမ္ပဏီ Frost & Sullivan က ​ဖော်ပြခဲ့​သည်။

ဗြိတိန်ဝန်ကြီး​ချုပ် ​ဒေး​ဗစ်ကင်မရွန်က နိုင်ငံ၏ လက်နက်တင်ပို့​ ​ရောင်း​ချမှုအ​ပေါ် ကာကွယ်​ပြောဆိုခဲ့​ပြီး​ ပင်လယ်​ကွေ့​ရှိ နိုင်ငံများ​အ​နေနှင့်​ မိမိနိုင်ငံ အချုပ်အချာ အာဏာကို ကာကွယ်ရန် အခွင့်​အ​ရေး​ အပြည့်​ရှိ​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here