ချစ်သူဟန်​ဆောင်ကာ မုဒိမ်း​​ကျင့်​ခံခဲ့​ရ​ကြောင်း​ ဗြိတိန်​​တော်ဝင်​​ရေတပ်မှ အမျိုး​သမီး​​ဖွင့်​ဟ​စွပ်စွဲ

alt

ဗြိတိန်​တော်ဝင်​ရေတပ်မှ အမျိုး​သမီး​တစ်ဦး​က သ​င်္ဘောသား​တစ်ဦး​သည် သူမ၏ ချစ်သူဟန်​ဆောင်ကာ မုဒိမ်း​ကျင့်​ခဲ့​ကြောင်း​ စွပ်စွဲ​ပြောကြား​ထား​သည်။ သူမက အတူအိပ်ခဲ့​သော ပုဂ္ဂိုလ်မှာ သူမ၏ ချစ်သူမဟုတ်ဘဲ လူမှား​ကာ လိင်ဆက်ဆံခဲ့​မိ​ကြောင်း​ အ​တော်ကြာမှ သိရှိခဲ့​သည်ဟုဆိုသည်။

သူမက တစ်သ​င်္ဘောထဲ တာဝန်ထမ်း​ဆောင်​သော ချစ်သူ​ရော၊​ ယခုလူမှား​သူပါ စ​ကော့​အသံထွက်ဖြင့်​ စကား​ပြော​ကြောင်း​ ရှင်း​ပြခဲ့​သည်။ သူမညဖက် အခန်း​ထဲ ရှိ​နေချိန်တွင် ထိုသူက အိပ်ရာ​ပေါ် တက်လာခဲ့​ပြီး​ ထိုအချိန်က အရက်မူး​နေခြင်း​ကြောင့်​လည်း​ လူစိမ်း​ကို ချစ်သူဟုသာ ထင်ခဲ့​ကြောင်း​ အဆိုပါ အမျိုး​သမီး​က ရှင်း​ပြခဲ့​သည်။ သူမသည် အရက်အ​တော်များ​များ​ ​သောက်ထား​သဖြင့်​ မျက်လုံး​မဖွင့်​နိုင်​အောင် ဖြစ်​နေရာ သူမအား​ နမ်း​ရှုပ်ပြီး​ လိင်ဆက်ဆံ​နေ​သော အမျိုး​သား​ကို သူမ၏ချစ်သူ ဂရက်ဟုပင် ယုံကြည်ပြီး​ ​ကျေ​ကျေနပ်နပ် ရှိခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။

သို့​သော်လည်း​ ကုတင်အလွန်လှုပ်​နေသဖြင့်​ ထိုကိစ္စကို ​ပြောရန် မျက်လုံး​ဖွင့်​ကြည့်​ရာမှ ဂရက်မဟုတ်ဘဲ လူစိမ်း​တစ်​ယောက်မှန်း​ သိလာခဲ့​ခြင်း​ဖြစ်သည်။ ထို့​ကြောင့်​ သူမသည် ထိုသူအား​ အတင်း​တွန်း​ချခဲ့​ပြီး​ ငြင်း​ဆန်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ယင်း​ကိစ္စနှင့်​ ပတ်သက်၍ ​ရေတပ်က တစုံတရာ မှတ်ချက်မ​ပေး​သေး​ချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here