အ​မေရိကန်​နိုင်ငံသား​​တစ်ဦး​​၏ ​ပျောက်ဆုံး​ခဲ့​သည့်​ ပိုက်ဆံ​အိတ်ကို ၄၄ နှစ်​အကြာတွင် ပြန်​တွေ့​

alt

အ​မေရိကန်နိုင်ငံသား​ တစ်ဦး​သည် ၎င်း​ပျောက်ဆုံး​ခဲ့​သည့်​ ပိုက်ဆံအိတ်ကို ၄၄ နှစ်အကြာတွင် ပြန်​တွေ့​သဖြင့်​ အံ့​ဩဝမ်း​သာလျက်ရှိသည်။ အသက် ရ၇ နှစ် ရှိပြီဖြစ်ပြီး​ နယူး​ယောက်တွင် ​နေထိုင်သည့်​ ရူး​ဒေါ့​ရက်စတာက တိုင်း​စကွဲတွင် ​နေထိုင်​သော အသက် ၄၆ နှစ်အရွယ် လုံခြံု​ရေး​ဝန်ထမ်း​ ဂျိုး​ကစ်စနာ​ရော့​က

ယင်း​ပိုက်ဆံအိတ်ကို ရှာ​တွေ့​လာခြင်း​ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဂျိုး​သည် ဒုတိထပ် ပြူတင်း​ပေါက်နှင့်​ ​ကျောက်သား​နံရံအကြား​ ​နေရာတွင် ယင်း​ပိုက်ဆံအိတ်ကို ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ရက်စတာက ၎င်းသည် ဂျိုး​လက်ရှိ အလုပ်လုပ်​နေသည့်​ အ​ဆောက်အအုံတွင် ယခင်က အလုပ်လုပ်ခဲ့​ဖူး​ပြီး​ ထိုစဉ်က ပိုက်ဆံအိတ် ​ပျောက်သွား​ခြင်း​ဟု ​ပြောကြား​ခဲ့​သည်။ ထိုပိုက်ဆံအိတ်ထဲတွင် လူမှုလုံခြံု​ရေး​ကတ်၊​ အ​မေရိကန် အမြန်​ချောပို့​ကတ်နှင့်​ နယူး​ယောက်တိုင်း​ ​သွေး​ဘဏ်မှ အသင်း​ဝင်ကတ်တို့​ကို မူလအတိုင်း​ မ​ပျောက်မပျက် ​တွေ့​ရှိခဲ့​သည်။

ထို့​အပြင် ပိုက်ဆံအိတ်ထဲ ထည့်​ထား​သည့်​ ၎င်း၏ မိသား​စုဝင် ဓာတ်ပုံများ​ကိုလည်း​ ပြန်လည်ရရှိခဲ့​ကြောင်း​ ရက်စတာကဆိုသည်။ ၎င်းက ဆုံး​ပြီဟု တွက်ထား​ပြီး​ ​မေ့​မေ့​ပျောက်​ပျောက်ပင် ဖြစ်​နေ​သော ပိုက်ဆံအိတ်ကို ပြန်ရခြင်း​သည် အမှတ်တရ ကိစ္စတစ်ခုဖြစ်​ကြောင်း​၊​ ဂျိုး​အား​ အလွန်ပင် ​ကျေး​ဇူး​တင်မိ​ကြောင်း​ နယူး​ယောက်တိုင်း​ သတင်း​စာသို့​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here