သ​န္ဓေ​ဆောင်ရန် အခက်အခဲရှိ​ကြောင်း​ နစ်ကိုး​ကစ်မင်း​ ဝန်ခံ​​ပြောကြား​

alt

နစ်ကိုး​ကစ်မင်း​က သူမသည် သမီး​ဦး​လေး​ကို ဖွား​မြင်ခဲ့​ပြီး​ကတည်း​က သ​န္ဓေ​ဆောင်ရန် အခက်အခဲများ​ ရှိခဲ့​ကြောင်း​ ဝန်ခံ​ပြောကြား​ခဲ့​သည်။ ဩစ​တြေး​လျ ရုပ်မြင်သံကြား​ အစီအစဉ် 60 Minutes တွင် ​ဟောလီး​ဝုဒ် နာမည်​ကျော် မင်း​သမီး​က သမီး​လေး​ ​ဖေ့​ကို အငှား​မိခင်ဖြင့်​ ​မွေး​ဖွား​စေခြင်း​သည် သူမ၏ အား​နည်း​ချက်​ကြောင့်​ဟု ပွင့်​ပွင့်​လင်း​လင်း​ ​ပြောကြား​သွား​သည်။

မည်သို့​ပင်ဖြစ်​စေ က​လေး​နှစ်ဦး​လုံး​သည် သူမ၏ သမီး​များ​ပင်ဖြစ်သည်ဟု ကင်မင်း​ကဆိုသည်။ အစီအစဉ်တွင် ကစ်မင်း​က iPhone ဖြင့်​ ရိုက်ထား​သည့်​ ၂ နှစ်အရွယ် သမီး​ကြီး​ ဆန်း​ဒေး​ရို့​စ်က ၂ လအရွယ် သမီး​လေး​ ​ဖေ့​ကို ​ပွေ့​ဖက်ထား​ပုံအား​ ပြသခဲ့​သည်။ သူမသည် ဆန်း​ဒေး​အား​ ​မွေး​ဖွား​ပြီး​ကတည်း​က ကိုယ်ဝန်မရနိုင်​တော့​သည့်​အတွက် အလွန်စိတ်ပျက်ခဲ့​မိ​ကြောင်း​ ​အော်စကာဆုရှင် မင်း​သမီး​ ဝန်ခံခဲ့​သည်။

မိမိသည် က​လေး​အလွန်လိုချင်သူ ဖြစ်​သော်လည်း​ ကိုယ်ဝန်မ​ဆောင်နိုင်​တော့​ခြင်း​က ကြီး​ကျယ်သည့်​ ထိုး​နှက်ချက် ဖြစ်​စေခဲ့​သည်ဟု ကစ်မင်း​ကဆိုသည်။ ကစ်မင်း​သည် မင်း​သား​တွမ်ခရုနှင့်​ လက်ထပ်ထား​စဉ်က က​လေး​ယူရန် ​တောက်​လျှောက်ကြိုး​ပမ်း​ခဲ့​သော်လည်း​ မ​အောင်မြင်ခဲ့​ချေ။ ၂၀၀၁ ခုနှစ်တွင် ယင်း​တို့​နှစ်ဦး​ကွာရှင်း​ခဲ့​သည်။ လက်ရှိတွင်မူ မိမိအား​ အလွန်ချစ်သည့်​ ခင်ပွန်း​သည် ကိတ်အာဘန်နှင့်​ သမီး​လေး​နှစ်ဦး​တို့​ကြောင့်​ အလွန်​ပျော်ရွှင်​နေပြီဟု ကစ်မင်း​ကဆိုသည်။

ကစ်မင်း​သည် အ​မေရိကန်တွင် ​နေရာအ​တော်များ​များ​သို့​ လှည့်​လည်​နေထိုင်​သော်လည်း​ အဓိကအား​ဖြင့်​ မိသား​စုနှင့်​အတူ ဇာတိနိုင်ငံ ဩစ​တြေး​လျသို့​ ပြန်​နေ​လေ့​ရှိ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here