လစ်ဗျား​ခေါင်း​ဆောင် ကဒါဖီ အာဏာ​ဆက်လက်​ထိန်း​သိမ်း​ရန် တိုက်ပွဲဝင်မည်​ဟုဆို

alt

၎င်း၏ အာဏာကို ထိန်း​သိမ်း​ရန်အတွက် ​နောက်ဆုံး​သွေး​တစ်စက် ကျန်သည်အထိ တိုက်ပွဲဝင်မည်ဟု မူအမ်မာ ဂဒါဖီက ​ကြွေး​ကြော်လိုက်သည်။ လစ်ဗျား​၏ အာဏာရှင် ​ခေါင်း​ဆောင်က ၎င်းသည် လစ်ဗျား​မြေတွင်ပင် ဆက်​နေပြီး​ ပုန်ကန်သူများ​အား​ နှိမ်နင်း​သွား​မည်ဟု ရုပ်မြင်သံကြား​မှတဆင့်​ ​ပြောဆိုသွား​သည်။

လစ်ဗျား​တွင် ဂဒါဖီကို ​ထောက်ခံ​သော လက်နက်ကိုင်တပ်များ​က ပစ်ခတ်သတ်ဖြတ်မှု​ကြောင့်​ ဆန္ဒပြသူ ​ထောင်နှင့်​ချီ ​သေဆုံး​ကြောင်း​ ကုလသမဂ္ဂကဆိုသည်။ သို့​သော်လည်း​ စစ်သား​ပေါင်း​ ​မြောက်မြား​စွာတို့​သည် ၎င်းတို့​၏ အဓိပတိ ဗိုလ်မှူး​ကြီး​အား​ အာဏာဖီဆန်ကာ ပြည်သူလူထုနှင့်​ ​ပေါင်း​စည်း​ကုန်သဖြင့်​ ထရီပိုလီတွင် ရှိ​နေဆဲဖြစ်​သော ဂဒါဖီတစ်​ယောက် အကြီး​အကျယ် ဖိအား​ဝင်လာခဲ့​သည်။ ၎င်း၏ ခါး​ပိုက်​ဆောင် တပ်သား​အချို့​က ဘန်ဟာဇီတွင် ဆန္ဒပြသူများ​အား​ ​လေ​ကြောင်း​မှ ပစ်ခတ်တိုက်ခိုက်ခဲ့​သဖြင့်​ လူ​ပေါင်း​ ၂၀၀၀ ​ကျော် ​သေဆုံး​ခဲ့​သည်။ နိုင်ငံတကာက ငြိမ်း​ချမ်း​စွာ ဆန္ဒပြ​နေ​သော ပြည်သူများ​ကို အင်အား​သုံး​ ပစ်ခတ်မှုအား​ ပြင်း​ပြင်း​ထန်ထန် ရှုတ်ချထား​သည်။

ဂဒါဖီက အ​နောက်နိုင်ငံများ​ ဖိအား​ပေး​လာပါက တုန့်​ပြန်ရန်အတွက် အ​နောက်နိုင်ငံများ​သို့​ ​ရေနံတင်ပို့​နေသည့်​ ပိုက်လိုင်း​များ​ကို ​ဖောက်ခွဲပစ်ရန်ပါ စီစဉ်ထား​သည်။ လစ်ဗျား​တွင် ဆန္ဒပြမှုများ​ ဆက်လက်ဖြစ်​ပေါ်​နေပြီး​ ဂဒါဖီ၏ ကဏ္ဍသည် တစထက်တစ ​မှေး​မှိန်လာ​နေ​ကြောင်း​ သတင်း​များ​ကဆိုသည်။ လက်ရှိတွင်မူ အ​မေရိကန်နှင့်​ အခြား​သော နိုင်ငံကြီး​များ​က ထရီပိုလီတွင် ပိတ်မိ​နေသည့်​ မိမိတို့​ နိုင်ငံသား​များ​အား​ ပြန်လည်​ခေါ်ထုတ်နိုင်​ရေး​ ​ဇောက်ချကြိုး​ပမ်း​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here