လက်ကိုင်ဖုန်း​ ကြာရှည်စွာ သုံး​စွဲ​​​ပြောဆိုခြင်း​​​ကြောင့်​ ဦး​နှောက်ကို ထိခိုက်​​​စေနိုင်

alt

လက်ကိုင်ဖုန်း​များ​ကို ကြာရှည်စွာ သုံး​စွဲ​ပြောဆိုခြင်း​သည် ဦး​နှောက်ကို ထိခိုက်မှု ဖြစ်​စေနိုင်​ကြောင်း​ သု​တေသီများ​က သတိ​ပေး​လိုက်သည်။ မိနစ် ၅၀ ကြာမျှ ဖုန်း​ကြာကြာ ​ပြောခြင်း​ဖြင့်​ ဖုန်း​အင်တင်နာနှင့်​ အနီး​ဆုံး​တွင်ရှိ​နေ​သော ဦး​နှောက်အစိတ်အပိုင်း​များ​၏ လှုပ်ရှား​မှုကို သက်​ရောက်ထိခိုက်​စေ​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။

အ​မေရိကန် အမျိုး​သား​ ကျန်း​မာ​ရေး​ဆိုင်ရာ ပညာ​ရေး​ဌာနက ဖုန်း​၏ ​ရေဒီယိုလှိုင်း​များ​က ဦး​နှောက်၏ ပုံမှန်ဇီဝကမ္မ ဖြစ်စဉ်များ​အား​ ​ပြောင်း​လဲ​စေတတ်​ကြောင်း​ ရှင်း​ပြခဲ့​သည်။ သို့​သော်လည်း​ ​ရေဒီယိုလှိုင်း​များ​က ကင်ဆာဖြစ်​စေသည့်​ အကြိတ်များ​ ဖြစ်​ပေါ်​စေ​ကြောင်း​ စွပ်စွဲမှုများ​ကို အတည်ပြုရန်မှာမူ ​စောလွန်း​သေး​ကြောင်း​ ​ပြောဆိုသွား​သည်။ ​ဒေါက်တာနိုရာ ​ဗော်ကိုက ကံအ​ကြောင်း​မလှစွာဖြင့်​ မိမိတို့​၏ သု​တေသန လုပ်ငန်း​သည် မိုဘိုင်း​ဖုန်း​နှင့်​ ဦး​နှောက်ကင်ဆာတို့​ ဆက်စပ်မှု ရှိမရှိကို အ​ဖြေမထုတ်နိုင်ခဲ့​ကြောင်း​၊​ မည်သို့​ပင်ဖြစ်​စေ ကြာရှည်စွာ ဖုန်း​ပြောရာမှ ​ရေဒီယိုလှိုင်း​များ​ ထွက်​ပေါ်လာပြီး​ ဦး​နှောက်၏ ပုံမှန်လုပ်ငန်း​စဉ်များ​ကို အဆိုး​ဖက်မှ ထိခိုက်​စေသည်ကိုမူ အတည်ပြုနိုင်​ကြောင်း​ အတည်ပြုခဲ့​သည်။

ဦး​နှောက်တွင် ကင်ဆာကြိတ်များ​ ဖြစ်​ပေါ်လာမှုသည် မိုဘိုင်း​ဖုန်း​များ​နှင့်​ ဆက်စပ်ခြင်း​ ရှိမရှိကိုမူ အတိအကျ ​ဖော်ထုတ်နိုင်ရန် အချိန် ၁၀ နှစ်မှ နှစ် ၂၀ မျှထိ ​စောင့်​ကြည့်​သင့်​ကြောင်း​ ၎င်းက မှတ်ချက်ပြု ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here