ဘာရိန်း​တွင် ကျင်း​ပမည့်​ ​ဖော်မြူလာဝမ်း​ကား​မောင်း​ပြိုင်ပွဲ ဖျက်သိမ်း​

alt

ဘာရိန်း​တွင် ကျင်း​ပမည့်​ ​ဖော်မြူလာဝမ်း​ ကား​မောင်း​ပြိုင်ပွဲအား​ ပယ်ဖျက်လိုက်​ကြောင်း​ သိရသည်။ ယခုနှစ် ​ဖော်မြူလာဝမ်း​ ကား​မောင်း​ပြိုင်ပွဲ ရာသီဖွင့်​ပွဲကို ဘာရိန်း​တွင် ပြုလုပ်ရန် စီစဉ်ထား​သော်လည်း​ ကာလရှည်ကြာ အုပ်ချုပ်​နေသည့်​ ​တော်ဝင်မိသား​စုကို ပြည်သူများ​က ဆန့်​ကျင်​တော်လှန်မှု ​ပေါ်​ပေါက်​နေခြင်း​ကြောင့်​ ယခုကဲ့​သို့​ ပွဲကျင်း​ပခွင့်​ ရုတ်သိမ်း​လိုက်ခြင်း​ဖြစ်သည်။

တိုင်း​ပြည်ကို လက်ရှိအုပ်ချုပ်​နေသည့်​ မင်း​သား​ ဆယ်မန်ဘင် ဟာမက်အယ် ခါလီဖာသည် ဘာရိန်း​တွင် ​ဖော်မြူလာဝမ်း​ ပြိုင်ပွဲကျင်း​ပခွင့်​ကို ချုပ်ကိုင်ထား​သူဖြစ်သည်။ ကျွန်း​နိုင်ငံ တစ်ခုဖြစ်​သော ဘာရိန်း​တွင် ဆန္ဒပြမှုများ​အား​ ရဲတပ်ဖွဲ့​က ပစ်ခတ်နှိမ်နင်း​မှု​ကြောင့်​ တစ်ပတ်အတွင်း​ အနည်း​ဆုံး​ ဆန္ဒပြသူ ၈ ဦး​ထိ ​သေဆုံး​ခဲ့​သည်။ ယခုအခါ ဘာရိန်း​၏ နိုင်ငံ​ရေး​ မတည်ငြိမ်မှု​ကြောင့်​ ​ဖော်မြူလာဝမ်း​ပြိုင်ပွဲ ကျင်း​ပ​ရေး​ကို ပယ်ဖျက်​ပေး​ရန် မင်း​သား​က ​ဖော်မြူလာဝမ်း​ ကျင်း​ပ​ရေး​အကြီး​အကဲ ဘာနီအက်လက်စတန်အား​ ဖုန်း​ဆက်ပန်ကြား​ခဲ့​သည်။

ဆန္ဒပြသူ တစ်ဦး​က မင်း​သား​ကိုယ်တိုင် စီစဉ်ထား​သည့်​ ​ဖော်မြူလာဝမ်း​ပြိုင်ပွဲ ကျင်း​ပ​ရေး​ ပျက်ပြယ်သွား​သည်ကို ဝမ်း​သာ​ကြောင်း​၊​ သို့​သော် ဘုရင့်​မိသား​စု အစိုး​ရ ပြုတ်ကျသွား​လျင် ပိုဝမ်း​သာမည်ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။ ဘာရိန်း​တွင် ဖြစ်​ပေါ်​နေ​သော ဆန္ဒပြမှုများ​သည် အခြား​အာရပ် နိုင်ငံများ​ကဲ့​သို့​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ အကြပ်အတည်း​များ​ကြောင့်​ မဟုတ်ဘဲ ဆွန်နီနှင့်​ ရှီး​ယိုက်မွတ်ဆလင်များ​ကြား​ ရန်လိုမုန်း​တီး​မှု​ကြောင့်​ဖြစ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here