ဂျပန်​ရိုး​ရား​ ဝတ်လစ်စား​လစ် ဆူရှီ​ယဉ်​ကျေး​မှု ​တောင်အာဖရိက​ကို​​ကူး​စက်

alt

နာယိုတိုင်မိုရီ​ခေါ် ဂျပန်ရိုး​ရာ ဝတ်လစ်စား​လစ် ဆူရှီယဉ်​ကျေး​မှုသည် ​တောင်အာဖရိက နိုင်ငံကို ကြီး​ကြီး​မား​မား​ ရိုက်ခတ်​နေ​ကြောင်း​ သိရသည်။ ဆူရှီမုန့်​များ​ကို အဝတ်ဗလာနှင့်​ ​မော်ဒယ် မိန်း​က​လေး​တစ်ဦး​ ကိုယ်​ပေါ်တင်ကာ စား​သောက်ခြင်း​သည် ​တော်လှန်​သော အမြင်မျိုး​ မဟုတ်ဟု ​တောင်အာဖရိက အာဏာရပါတီ အာဖရိကန်အမျိုး​သား​ ကွန်ဂရက် (ANC) က ​ပြောကြား​ခဲ့​သည်။

ယင်း​သည် ဂျပန်၏ ရှား​ပါး​သော ယဉ်​ကျေး​မှု အနုပညာ တစ်ရပ်ဖြစ်ပြီး​ ယင်း​သည် အမျိုး​သမီး​ ခန္ဓာကိုယ်ဖြင့်​ ဆူရှီကို အနုပညာတစ်ရပ်သဖွယ် ခံစား​စား​သောက်ခြင်း​ဟု သတ်မှတ်နိုင်သည်။ ANCက ယခုလုပ်ရပ်သည် အစိုး​ရ၏ စည်း​မျဉ်း​များ​နှင့်​ ထိခိုက်မှု မရှိသဖြင့်​ တား​မြစ်မည် မဟုတ်​သော်လည်း​ အား​ပေး​​အား​မြှောက်လည်း​ မလုပ်​ကြောင်း​ ​ကြေညာခဲ့​သည်။ ​တောင်အာဖရိကတွင် ​ငွေ​ကြေး​ချမ်း​သာသူများ​သည် နာယိုတိုင်မိုရီ သီး​သန့်​ပွဲများ​ ပြုလုပ်​လေ့​ရှိ​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်​နေသည်။

ထို့​အပြင် ANC မှ လူငယ်​စည်း​ရုံး​ရေး​ ​ခေါင်း​ဆောင်​တစ်ဦး​သည်လည်း​ အမျိုး​သမီး​​တစ်ဦး​ ဝတ်လစ်စား​လစ် ကိုယ်လုံး​ပေါ် ဆူရှီများ​တင်ကာ စား​သောက်သည့်​ ပါတီပွဲတစ်ခုသို့​ တက်ခဲ့​ကြောင်း​ ဂျိုဟန်နက်စဘက်ထုတ် သတင်း​စာတစ်​စောင်က ​ဖော်ပြခဲ့​ဖူး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here