Virtual သတို့​သမီး​နှင့်​ လက်ထပ်​နိုင်မည့်​ ဝက်ဘ်ဆိုက်

alt

အိန္ဒိယနိုင်ငံတွင် အ​ခြေစိုက်​သော ဝက်ဆိုက်တစ်ခုက နိုင်ငံအတွင်း​ရှိ လူပျိုများ​အတွက် စိတ်ကူး​ယဉ်ချင်စရာ ​ကောင်း​သော ကမ်း​လှမ်း​မှု တစ်ခုကို စတင်ပြုလုပ်လိုက်သည်။ လက်ထပ်ပွဲ၏ စိတ်လှုပ်ရှား​ ​ပျော်ရွှင်မှုကို ခံစား​လိုသူများ​အတွက် Virtual သတို့​သမီး​ တစ်ဦး​ကို လက်ထပ်နိုင်မည်ဖြစ်သည်။

biwihotohaisi.com (ဟန္ဒီဘာသာအရ သတို့​သမီး​ဟု အဓိပ္ပါယ်ရသည်)မှ တဆင့်​ ​ချော​မောလှပသည့်​ မိန်း​က​လေး​ငယ် တစ်ဦး​အား​ သတို့​သမီး​အဖြစ် Online မှ အ​ပျော်သ​ဘော လက်ထပ်နိုင်မည်ဖြစ်သည်။ အင်္ဂလိပ်နှင့်​ ဟိန္ဒီနှစ်ဘာသာဖြင့်​ လွှင့်​တင်ထား​သော ဝက်ဆိုက်ကို ဆက်သွယ်ပြီး​ သတို့​သမီး​ ​ရွေး​ချယ်ပြီး​ချိန်တွင် မိုဘိုင်း​ဖုန်း​မှတဆင့်​ Virtual သတို့​သမီး​ကို ​ပေါင်း​ဖက်နိုင်မည်ဖြစ်သည်။ ထို့​အပြင် သတို့​သမီး​က အမှန်တကယ် လက်ထပ်ထား​သော အမျိုး​သမီး​ တစ်ဦး​နှယ် အကြံ​ပေး​ ​ပြောဆိုမှုများ​ ပြုလုပ်မည်ဖြစ်သည်။

ရီတူဂါဝါလီဆို​သော အမည်ဖြင့်​ ပြုလုပ်ထား​သော Virtual ဇနီး​သည်က သူမ၏ လူခင်ပွန်း​အား​ ​နေ့​လည်စာစား​ရန်၊​ ၎င်းအကြိုက်ဆုံး​ ဟင်း​လျာကို ​ရွေး​ချယ်ရန် အကြံ​ပေး​လေ့​ရှိသည်။ အကယ်၍ စိတ်တိုစိတ်ဆတ်​သော Virtual ဇနီး​မျိုး​ ဆိုပါက ခင်ပွန်း​ဖြစ်သူအား​ အိမ်​စော​စောပြန်မလာလျင် စိတ်ဆိုး​မာန်ဆိုး​ ရန်​တွေ့​မှုမျိုး​ ပြုလုပ်​လေ့​ရှိသည်။

အချို့​သော မိန်း​က​လေး​များ​က အိမ်နီး​ချင်း​များ​အ​ကြောင်း​ အတင်း​ပြော​လေ့​ပင်ရှိရာ ယင်း​တို့​နှင့်​ ဆက်ဆံ​ပြောဆို​နေခြင်း​သည် အလွန်အပျင်း​ပြေစရာဖြစ်​ကြောင်း​ ဝက်ဆိုက်မှ Virtual ဇနီး​များ​ မှာယူထား​သူများ​က မှတ်ချက်ပြု ချီး​ကျူး​ခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here