Google Street View ဖြင့်​ ကမ္ဘာ​ကျော်ပြတိုက်ကြီး​များ​ကို လည်ပတ်ကြည့်​ရှုနိုင်

alt

Googleက အိပ်ခန်း​အတွင်း​ ထိုင်ရာမထဖြင့်​ ကမ္ဘာ​ကျော် ပြတိုက်ကြီး​များ​ကို လည်ပတ်ကြည့်​ရှုနိုင်မည့်​ ဝန်​ဆောင်မှုကို စတင်လိုက်ပြီဖြစ်သည်။ Google Street View ကို အသုံး​ပြုကာ ကမ္ဘာ​ပေါ်ရှိ နာမည်​ကျော် ပြတိုက်ကြီး​များ​၏ အရည်အ​သွေး​မြင့်​ ဓာတ်ပုံများ​ကို ကြည့်​ရှုနိုင်ရန် Google က ​ဆောင်ရွက်​ပေး​ခဲ့​သည်။

တိတ်ဗြိတိန်၊​ ဗြိတိန်အမျိုး​သား​ပြတိုက်၊​ အ​မေရိကန်ရှိ မက်ထရိုပိုလီတန်ပြတိုက် စသည်တို့​သည် Google က စာရင်း​ထည့်​သွင်း​ သတ်မှတ်ပြထား​သည့်​ ကမ္ဘာ​ကျော် ပြတိုက် ၁၇ ခု စာရင်း​တွင် ပါဝင်သည်။ စိန့်​ပီတာစဘက်ပြတိုက်၊​ ဗာ​ဆေး​ပြတိုက်တို့​မှာလည်း​ Google က စီစဉ်​ပေး​ထား​သည့်​ ပြခန်း​များ​တွင် စာရင်း​ဝင်​နေမည်ဖြစ်သည်။ ပြခန်း​များ​ကို ၃၆၀ ဒီဂရီ လှည့်​ပတ်ရိုက်ကူး​ပေး​ထား​သည့်​ ဓာတ်ပုံများ​ဖြင့်​ ထူး​ခြား​ဆန်း​ပြား​သော ပစ္စည်း​များ​ကို ကြည့်​ရှုခံစား​နိုင်မည်ဖြစ်သည်။

ပြတိုက်များ​ကို ပြသ​ပေး​မည့်​ စိတ်ကူး​ကို Google က Street View နည်း​ပညာကိုပင် အ​ခြေခံ တီထွင်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရသည်။ ပြခန်း​ပေါင်း​ ၃၈၅ ခုကို Google က ခွဲခြား​ပေး​ထား​ပြီး​ ကမ္ဘာ​ကျော် ပန်း​ချီကား​ ၁၇ ခု၏ အရည်အ​သွေး​မြင့်​ ဓာတ်ပုံနှင့်​ အနုပညာလက်ရာပစ္စည်း​ ၁၀၀၀ ​ကျော်တို့​၏ ဓာတ်ပုံများ​ကိုလည်း​ ပြသထား​သည်။ Google က အနုပညာ လက်ရာများ​၏ အချက်အလက်များ​ကို ​ဖော်ပြ​ပေး​ထား​ခြင်း​ကြောင့်​ ယင်း​တို့​ကို ခိုး​ယူလိုသူများ​အတွက် အ​ထောက်အကူ ဖြစ်​စေနိုင်​ကြောင်း​ ခန့်​မှန်း​မှုများ​ကို ငြင်း​ဆိုခဲ့​ပြီး​ ယင်း​တို့​သည် ပြတိုက်များ​၏ လုံခြံု​ရေး​ စနစ်များ​ကို ​ပေါက်ကြား​အောင် ပြုလုပ်ခြင်း​ မရှိဟု ​ကြေညာခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here