ဗြိတိန်တွင် ဂျူး​ဆန့်​ကျင်​ရေး​​​လှုပ်ရှား​မှုများ​ သိသာစွာ​​ကျဆင်း​

alt

ဗြိတိန်နိုင်ငံတွင် ဂျူး​ရေး​ရာ ဆန့်​ကျင်သည့်​ လှုပ်ရှား​မှုများ​ ၂၀၁၀ ပြည့်​နှစ်အတွင်း​ သိသိသာသာ ​လျော့​ကျသွား​ကြောင်း​ သိရှိရသည်။ ၁၉၈၄ ခုနှစ်​နောက်ပိုင်း​ စတင်ခဲ့​သည့်​ ပြည်သူ့​လုံခြံု​ရေး​ ယုံကြည်မှု စစ်တမ်း​သည် ၁၉၉၀ ပြည့်​လွန် နှစ်များ​ထက်မူ ဂျူး​တို့​အ​ပေါ် မလိုလား​မှုများ​ ရှိ​နေဆဲဟု ညွှန်ပြ​နေ​ကြောင်း​ ဂျူး​အဖွဲ့​အစည်း​ တစ်ခုက ​ပြောကြား​ခဲ့​သည်။

၂၀၁၀ ပြည့်​နှစ်အတွင်း​ ဂျူး​များ​ကို ဆန့်​ကျင်သည့်​ လှုပ်ရှား​မှု ၆၃၉ ခုမျှ ဖြစ်​ပေါ်ခဲ့​ပြီး​ ၂၀၀၉ ခုနှစ်ကမူ ၉၂၆ ခုထိ များ​ပြား​ခဲ့​ကြောင်း​ BBC သတင်း​ဌာနကဆိုသည်။ အဓိကအား​ဖြင့်​ ကိုယ်ထိလက်​ရောက် တိုက်ခိုက်မှု၊​ နှုတ်ဖြင့်​ပြောဆို ရန်စမှုများ​သည် ဆက်လက်တည်ရှိ​နေဆဲဟု သိရသည်။ ဂျူး​ဆန့်​ကျင်​ရေး​ လုပ်ရပ်များ​သည် ဗြိတိန်တွင် ​နေထိုင်​သော ဂျူး​များ​အတွက် အလွန်ကြီး​မား​သည့်​ စိုး​ရိမ်စရာ ကိစ္စမျိုး​ မဟုတ်​သော်လည်း​ ခွဲခြား​ဆက်ဆံမှု တစ်မျိုး​အဖြစ် သတ်မှတ်နိင်​ကြောင်း​ ပြည်သူ့​လုံခြံု​ရေး​ ယုံကြည်မှု စစ်တမ်း​အဖွဲ့​မှ မတ်ဂါဒနာက ရှင်း​ပြခဲ့​သည်။

စစ်တမ်း​အရ ၂၀၁၀ ပြည့်​နှစ်အတွင်း​ ဂျူး​များ​ကို ကိုယ်ထိလက်​ရောက် ရန်ပြုမှု ၁၁၄ ခုရှိခဲ့​ပြီး​ ဂျူး​ဘုရား​ကျောင်း​များ​ကို ဖျက်လိုဖျက်ဆီး​ပြုမှု ၅၉ ခုနှင့်​ ဂျုး​စာသင်​ကျောင်း​များ​ကို ရန်ပြုမှု ၂၈ ခုမျှ ရှိခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here