ဗြိတိန်​​တော်ဝင်​​ရေတပ်၏ ​နောက်ဆုံ​းပေါ် တိုက်ခိုက်​ရေး​​​ရေငုပ်သ​င်္ဘော စမ်း​သပ်​​ခုတ်​​မောင်း​စဉ် ချွတ်ယွင်း​မှု​​တွေ့​ရ

alt

ဗြိတိသျှ ​တော်ဝင်​ရေတပ်၏ ​နောက်ဆုံး​ပေါ် တိုက်ခိုက်​ရေး​ ​ရေငုပ်သ​င်္ဘောသည် အစမ်း​ခုတ်​မောင်း​မှုအတွင်း​ ချွတ်ယွင်း​ချက်များ​ကြောင့်​ ဆိပ်ကမ်း​သို့​ ပြန်လှည့်​ခဲ့​ရ​ကြောင်း​ သိရသည်။ ​ပေါင်စတာလင် ၁.၂ ဘီလျံတန် HMS Astute သည် ​ရေတပ်၏ အကြီး​ဆုံး​ နျူကလီး​ယား​ ​ရေငုပ်သ​င်္ဘောလည်း​ဖြစ်သည်။

လက်​တွေ့​ ပင်လယ်ပြင် စမ်း​သပ်မှု ပြုလုပ်​နေစဉ် ​ရေအိမ်စနစ်၊​ လက်နက်​ထောက်ပံ့​မှုစနစ်စသည်တို့​တွင် ပုံမှန်အလုပ်မလုပ်သဖြင့်​ ကလိုက်မြစ်ထဲမှ ဖက်စလိန်း​ ဆိပ်ကမ်း​သို့​ ပြန်လည်ဆိုက်​ရောက်လာခြင်း​ဖြစ်သည်။ တန်ချိန် ရ၈၀၀ ​လေး​သော သ​င်္ဘောတွင် အမှုထမ်း​ ၉၀ တို့​ လိုက်ပါခဲ့​ပြီး​ ယခုအခါ ၆ ပါတ်ကြာမျှ ပြင်ဆင်မှုများ​ ပြုလုပ်ရန် ကမ်း​ကပ်ထား​ပြီဖြစ်သည်။ သ​င်္ဘောတွင် တိုမာ​ဟော့​ ခရုစ်ဒုံး​ကျည်များ​ တပ်ဆင်ထား​ပြီး​ သ​င်္ဘောတည်​ဆောက်မှုသည် ​ငွေ​ကြေး​အကြပ်အတည်း​ကြောင့်​ သတ်မှတ်ချိန်ထက် ၄ နှစ်​နောက်ကျမှ ပြီး​စီး​ခဲ့​သည်။

ပြီး​ခဲ့​သည့်​ ဩဂုတ်လကတည်း​က သ​င်္ဘောတွင် ချွတ်ယွင်း​ချက် အမျိုး​မျိုး​ ကြံု​နေရသည့်​အတွက် ​ရေတပ်က ယခုအခါ အထူး​စုံစမ်း​ရေး​ အဖွဲ့​တစ်ခု ​စေလွှတ်ကာ ​ရေငုပ်သ​င်္ဘောကို စစ်​ဆေး​စေမည်ဟု ​ကြေညာထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here