ထိုင်း​နှင့်​က​မ္ဘောဒီး​ယား​ တင်း​မား​မှုများ​ မြင့်​တက်

alt

အ​ရှေ့​တောင်အာရှ အိမ်နီး​ချင်း​ နှစ်နိုင်ငံဖြစ်​သော ထိုင်း​နှင့်​ က​မ္ဘောဒီး​ယား​တို့​သည် နယ်ခြား​ဒေသ ပဋိပက္ခ​ကြောင့်​ တင်း​မာမှုများ​ ဆက်လက်မြင့်​တက်လာခဲ့​သည်။ ​ဖေ​ဖော်ဝါရီ ၅ ရက်​ နေ့​က အပြန်အလှန် ပစ်ခတ်မှုများ​ကြောင့်​ အနည်း​ဆုံး​ ထိုင်း​စစ်သား​ တစ်ဦး​သေဆုံး​ပြီး​ အခြား​ထိုင်း​စစ်သား​ ၅ ဦး​နှင့်​ ​ဒေသခံ ရွာသား​တစ်ဦး​လည်း​ ဒဏ်ရာရခဲ့​ကြောင်း​ သိရသည်။

ထိုင်း​ဝန်ကြီး​ချုပ် အဘီဆစ်ဗီဂျာဂျီဗာက ထို​နေ့​ မွန်း​လွဲပိုင်း​က အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွား​ပြီး​နောက် နှစ်ဖက်စလုံး​မှ အပစ်အခတ် ရပ်စဲရန် သ​ဘောတူညီထား​လိုက်ပြီဟု ထိုင်း​စစ်ဦး​စီး​ချုပ် ပရာယုချန်အိုချာက မိမိထံ အစီရင်ခံထား​ကြောင်း​ ​ပြောကြား​သွား​သည်။ ပစ်ခတ်မှု ဖြစ်ပွား​ရခြင်း​အတွက် တိကျ​သော ​ထောက်လှမ်း​စုံစမ်း​မှုများ​ ပြုလုပ်မည်ဟုလည်း​ ဝန်ကြီး​ချုပ်ကဆိုသည်။ ထိုင်း​တော်ဝင်တပ်မ​တော် ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ဗိုလ်မှူး​ကြီး​ ဆန်ဆန်း​ ​ကေဝမ်ရက်က ​ဒေသစံ​တော်ချိန် ည​နေ ၃း​၁၅ နာရီတွင် စတင်​သော တိုက်ခိုက်မှုသည် နှစ်နိုင်ငံ ပိုင်ဆိုင်ခွင့်​အတွက် ကာလရှည်ကြာစွာ အငြင်း​ပွား​နေသည့်​ သက်တမ်း​နှစ် ၉၀၀ ​ ကျော်ရှိ ပရီယာဗီဟီရာ ဘုရား​ကျောင်း​ရှေ့​သို့​ ထိုင်း​ဘူဒိုဇာများ​ဖြင့်​ လမ်း​ဖောက်မှု​ကြောင့်​ ဖြစ်​ပေါ်လာသည်ဟု ယူဆရဖွယ် ရှိ​နေသည်။

က​မ္ဘောဒီး​ယား​ စစ်သည်များ​က ဘုရား​ကျောင်း​သည် မိမိတို့​ ပိုင်နက်အတွင်း​ တည်ရှိ​သော​ကြောင့်​ ရပ်တံ့​ရန် တား​မြစ်ခဲ့​မှုကို ထိုင်း​တို့​က မလိုက်နာခဲ့​ဟု သိရသည်။ ပြီး​ခဲ့​သည့်​ နှစ်ပိုင်း​အတွင်း​ ကုလသမဂ္ဂက အဆိုပါ ဘုရား​ကျောင်း​အား​ ကမ္ဘာ့​အ​မွေအနှစ် တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး​ကတည်း​က ထိုင်း​နှင့်​က​မ္ဘောဒီး​ယား​တို့​က အပြိုင်အဆိုင် ပိုင်ဆိုင်ခွင့်​ ​တောင်း​ဆိုလာခြင်း​ဖြစ်သည်။ နှစ်နိုင်ငံလုံး​ကလည်း​ ဘုရား​ကျောင်း​သည် မိမိတို့​ ပိုင်နက်အတွင်း​ ကျ​ရောက်​နေသည်ဟု အခိုင်အမာ ​ပြောဆို​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here