ဂျိမ်း​စဘွန်း​ဇာတ်ကား​သစ်တွင် ရက်ဖင်း​နက်​ပါဝင်​​သရုပ်​ဆောင်​ဖွယ်ရှိ

alt

ဂျိမ်း​စဘွန်း​ ဇာတ်ကား​သစ်တွင် ရက်ဖင်း​နက်က ပါဝင်သရုပ်​ဆောင်ဖွယ် ရှိ​နေ​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်လျက်ရှိသည်။ ဒါရိုက်တာ ဆမ်မန်း​ဒက်နှင့်​ ရုပ်ရှင်ထုတ်လုပ်သူများ​က ဗြိတိသျှ ရုပ်ရှင်မင်း​သား​အား​ သ​ဘောကျ​နေ​ကြောင်း​ သိရသည်။

ဖင်း​နက်သည် ရှုပ်​ထွေး​လျှို့​ဝှက်​သော ဇာတ်ရုပ်တစ်ခုတွင် ပါဝင်ဖွယ် ရှိ​နေပြီး​ မင်း​သား​ ဒင်နီရယ် ကရိတ်ကမူ ၂၃ ကား​မြောက် ဂျိမ်း​စဘွန်း​ ရုပ်ရှင်တွင် နာမည်​ကျော် ဗြိတိသျှ သူလျှိုကြီး​အဖြစ် ဆက်လက်ရှိ​နေမည်ဟု သိရသည်။ ဒိမ်း​ဂျူဒီဒန့်​ကမူ ဘွန်း​၏ အထက်လူကြီး​ အမျိုး​သမီး​ M အဖြစ် ပြန်လည်ပါဝင်လာမည်ဟု MGM ကုမ္ပဏီက အတည်ပြုထား​သည်။ ရိုက်ကူး​ရေး​ကို ​ငွေ​ကြေး​အခက်အခဲ​ကြောင့်​ ​ရွှေ့​ဆိုင်း​ထား​ရ​သော်လည်း​ ယခုအခါ ပြန်လည်စတင်ရန် ပြင်ဆင်​နေပြီဖြစ်သည်။

ယခုဇာတ်ကား​သစ်တွင် ဂျာဗီး​ယား​ဘာဒမ်မှာလည်း​ ဗီလိန်ဇာတ်ရုပ်အတွက် ကမ်း​လှမ်း​ခံထား​ရသည်။ ၂၃ ကား​မြောက် ဂျိမ်း​စဘွန်း​ ဇာတ်ကား​ကို ၂၀၁၂ နိုဝင်ဘာလတွင် ရုံတင်ပြသနိုင်ရန် ​မျှော်လင့်​ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here