ပါကင်ဆန်​ရောဂါဖြစ်ပွား​စေသည့်​ ဗီဇလျှို့​ဝှက်ချက် ​ခြေရာ​ခံ​​တွေ့​ရှိ

alt

သိပ္ပံပညာရှင်များ​က ပါကင်ဆန်​ရောဂါ ဖြစ်ပွား​စေသည့်​ ဗီဇဆိုင်ရာ လျှို့​ဝှက်ချက် တစ်ခုကို ​ခြေရာခံမိလာ​ကြောင်း​ သိရသည်။ မျိုး​ဗီဇ မူကွဲအစုအဖွဲ့​ တစ်ခုသည် ပါကင်ဆန်​ရောဂါ ဖွံ့​ ဖြိုး​လာခြင်း​၏ အဓိက အ​ကြောင်း​ရင်း​ တစ်ခုဟု မိမိတို့​ ယုံကြည်​နေ​ကြောင်း​ သု​တေသီများ​ကဆိုသည်။

ပညာရှင်များ​က မျိုး​ဗီဇညွှန်ကိန်း​ ၆ ခုကို အ​ခြေခံ ​လေ့​လာပြီး​နောက် အာရုံ​ကြောဆိုင်ရာ ​ရောဂါ၏ သက်​ရောက်မှုများ​ကို ယခင်ကတည်း​က ရှာ​ဖွေ​နေခဲ့​သည်။ သို့​သော်လည်း​ ဗြိတိန်၊​ အ​မေရိကန်၊​ ဂျာမနီ၊​ ပြင်သစ်၊​ နယ်သာလန်နှင့်​ အိုက်စလန် နိုင်ငံများ​မှ ပညာရှင်များ​ ပါဝင်​သော အဖွဲ့​က ပါကင်ဆန်​ ရောဂါ၏ ဇစ်မြစ်ဟု ယူဆနိုင်သည့်​ မျိုး​ကွဲဗီဇဆဲလ် ၅ ခုပါဝင်​သော အစုအဖွဲ့​ကို ရှာ​ဖွေ​တွေ့​ရှိနိုင်ခဲ့​ကြောင်း​ Lancet ဂျာနယ်က ​ဖေ​ဖော်ဝါရီ ၂ ရက်​နေ့​တွင် ​ဖော်ပြခဲ့​သည်။

ယခုပြုလုပ်​သော သု​တေသန ​ ဆောင်ရွက်ချက်သည် ပါကင်ဆန် ​ရောဂါဆိုင်ရာ အကြီး​မား​ အကျယ်ပြန့်​ဆုံး​ ​လေ့​လာမှု ဖြစ်လာပြီး​ ​ရောဂါရှင် ရ.၇ သန်း​တို့​၏ မျိုး​ဗီဇ ဆဲလ်များ​ကို အ​ခြေခံ ​လေ့​လာခဲ့​ခြင်း​ဖြစ်သည်။

ပညာရှင်များ​က ယခု​ တွေ့​ရှိလာ​သော ရလဒ်သည် အနာဂတ်တွင် ပါကင်ဆန်​ရောဂါကို ကန့်​သတ်ထိန်း​ချုပ်သွား​နိုင်​ရေး​အတွက် အကျိုး​ဖြစ်ထွန်း​စေမည်ဟု ယုံကြည်လျက်ရှိကြသည်။ ထို့​အပြင် ​မော်လီကျူး​ဆိုင်ရာ သက်​ ရောက်မှုများ​ကို ​လေ့​လာပြီး​ ပါကင်ဆန် ကုသမှုတွင် အကျိုး​ရှိရှိ အသုံး​ချနိုင်ရန်လည်း​ ပညာရှင်များ​က ​မျှော်လင့်​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here