​ဒေသတွင်း​ အ​ခြေအ​နေအရ နိုင်ငံ​​အင်အား​​တောင့်​တင်း​ရန်​လိုအပ်​နေပြီဟု အစ္စ​ရေး​​ဝန်ကြီး​ချုပ်​​ပြောကြား​

alt

အစ္စ​ရေး​ ဝန်ကြီး​ချုပ် ဘင်ဂျမင် နာတန်ယာဟူက ၎င်းတို့​၏ နိုင်ငံသည် ​ဒေသတွင်း​ အ​ခြေအ​နေများ​အရ ပိုမိုအင်အား​တောင့်​တင်း​ ကျစ်လျစ်လာရန် လိုအပ်​နေပြီဟု ​ပြောကြား​လိုက်သည်။ အီဂျစ်တွင် ကြီး​မား​သော အစိုး​ရ ဆန့်​ကျင်​ရေး​ လှုပ်ရှား​မှုများ​ ​

ပေါ်​ပေါက်လာပြီး​နောက် အစ္စ​ရေး​နှင့်​ ကာလရှည်ကြာစွာ ငြိမ်း​ချမ်း​ရေး​ ရယူထား​သော အီဂျစ်အစိုး​ရ ပြိုကွဲရန် နီး​စပ်လာခြင်း​သည် အစ္စ​ရေး​ အတွက် ဖိအား​တစ်ခု ဖြစ်လာ​ကြောင်း​ နာတန်ယာဟူကဆိုသည်။

သို့​သော်လည်း​ ပါလက်စတိုင်း​တို့​နှင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှုကိုမူ ဆက်လက်လုပ်​ဆောင်သွား​မည်ဖြစ်​ကြောင်း​ ဝန်ကြီး​ချုပ်က အတည်ပြုခဲ့​သည်။ အ​ခြေခံအား​ဖြင့်​ အစ္စ​ရေး​နိုင်ငံ၏ တည်ငြိမ်မှု၊​ အနာဂတ်နှင့်​ ငြိမ်း​ချမ်း​ရေး​တို့​အတွက် ကျယ်ကျယ်ပြန့်​ပြန့်​ ရှုမြင်သုံး​သပ်ရန် လိုအပ်လာ​ကြောင်း​၊​ အီဂျစ်သမ္မတ ဟိုစနီ မူဘာရက်၏ အ​ နေအထား​ကို စိုး​ရိမ်မိ​သော်လည်း​ အီဂျစ်တွင် အစွန်း​ရောက် ဘာသာ​ရေး​ လှုပ်ရှား​မှုများ​ ဖြစ်မလာ​စေရန် ​မျှော်လင့်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

၎င်းက ပါလက်စတိုင်း​ သမ္မတ မာမွတ်အဘက်ကိုလည်း​ အစ္စ​ ရေး​နှင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှုတွင် ပြန်လည်ပါဝင် ​ဆောင်ရွက်ရန် တိုက်တွန်း​ခဲ့​ကြောင်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here