ဆာဘီး​ယား​​နိုင်ငံတွင် အစိုး​ရ​ဆန့်​ကျင်​ရေး​ ဆန္ဒပြမှုများ​​​ဖြစ်ပွား​

alt

ဆာဘီး​ယား​နိုင်ငံတွင် အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြပွဲများ​ ပြုလုပ်ခဲ့​ကြောင်း​ သိရသည်။ ဘဲဂရိတ်မြို့​တော်တွင် အနည်း​ဆုံး​ လူ​ပေါင်း​ ၅၅၀၀၀ ​ကျော် ပါဝင်သည့်​ ဆန္ဒပြပွဲကြီး​တစ်ခု ပြုလုပ်ကာ အစိုး​ရအား​ ​ရွေး​ကောက်ပွဲကို သတ်မှတ်ချိန်ထက်​စောပြီး​ ပြုလုပ်​ပေး​ရန် ​တောင်း​ဆိုခဲ့​ကြသည်။

ထိုမျှ ပါဝင်​သော ပမာဏသည် ပြီး​ခဲ့​သော နှစ်ပိုင်း​အတွင်း​ လူအများ​ဆုံး​ ပါဝင်​သော ဆန္ဒပြမှုအဖြစ် မှတ်တမ်း​ ဝင်ခဲ့​သည်။ ​ဖေ​ဖော်ဝါရီ ၅ ရက်​နေ့​က ပါလီမန်​ရှေ့​တွင် အတိုက်အခံ ဆာဘီး​ယား​ တိုး​တက်​ရေး​ပါတီက ဦး​ဆောင်ကာ လူ​ပေါင်း​များ​စွာ စုရုံး​ခဲ့​ခြင်း​ဖြစ်သည်။ ပါတီ​ခေါင်း​ဆောင် တိုမီဆလက် နီကိုလစ်က အစိုး​ရအား​ ​ရွေး​ကောက်ပွဲကို ၂ လအတွင်း​ ကျင်း​ပရန် ​တောင်း​ဆိုခဲ့​ပြီး​ ထိုသို့​မဟုတ်ပါက အာဏာဖီဆန်​ရေး​ လှုပ်ရှား​မှုများ​နှင့်​ ကြံုရလိမ့်​မည်ဟု သတိ​ပေး​သွား​သည်။ မူလက ​ရွေး​ကောက်ပွဲကို ၂၀၁၂ ထိ ကျင်း​ပရန် စီစဉ်ထား​ခြင်း​ မရှိ​သေး​ပေ။ ဆာဘီး​ယား​သည် ဥ​ရောပ ယူနီယံ အဖွဲ့​ဝင်နိုင်ငံ ဖြစ်ခွင့်​ရ​တော့​မည် ဖြစ်​သော်လည်း​ ​ဈေး​နှုန်း​များ​ ကြီး​မြင့်​ခြင်း​နှင့်​အတူ နိုင်ငံစီး​ပွား​ရေး​မှာ ဆိုး​ရွား​နေဆဲဖြစ်သည်။

ယခုဆန္ဒပြမှုသည် ဝန်ကြီး​ချုပ် မာကိုဆီဗက်ကိုဗစ်နှင့်​ သမ္မတ ​ဘောရစ်တာဒစ်တို့​ ဦး​ဆောင်​သော အစိုး​ရ​အတွက် စိန်​ခေါ်မှု တစ်ခု ဖြစ်လာခဲ့​သည်။ ဆန္ဒပြသူများ​က ဒီမိုကရက်တစ်ပါတီ ဆင်း​ပေး​ရန် အချိန်တန်ပြီ၊​ မိမိတို့​ ဆာ​လောင်​နေပြီဆို​သော ​ကြွေး​ကြော်သံများ​ဖြင့်​ ​အော်ဟစ်ဆန္ဒပြခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here