မူး​ယစ်​​ဆေး​စွဲ​နေသည့်​ သမီး​ကို တား​မြစ်ရန်​ကြိုး​ပမ်သည့်​​မိခင် ​ထောင်ဒဏ်​မှား​ယွင်း​​​ချမှတ်​ခံရ

alt

သမီး​ဖြစ်သူအား​ မူး​ယစ်​ဆေး​ဝါး​ စွဲ​နေခြင်း​ကို တား​မြစ်ရန် ကြိုး​ပမ်း​ခဲ့​သည့်​ မိခင်တစ်ဦး​အား​ တရား​ရုံး​က ​ထောင်ဒဏ်မှား​ယွင်း​ ချမှတ်မိခဲ့​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။ ဗြိတိန်နိုင်ငံတွင် ​နေထိုင်​သော အသက် ၅၀ အရွယ် ဂျူလီယာဆာကာသည် သမီး​ဖြစ်သူ မူး​ယစ်​ဆေး​ စွဲ​နေ​ကြောင်း​ သိရှိလာပြီး​နောက် ယင်း​ကို တား​မြစ်ရန် ကြိုး​ပမ်း​ခဲ့​သည်။

သူမသည် ပြီး​ခဲ့​သည့်​နှစ် ​ အောက်တိုဘာလကစပြီး​ အသက် ၁၉ နှစ်အရွယ် သမီး​ဖြစ်သူ တာဘီသာ မူး​ယစ်​ဆေး​ သုံး​နေ​ကြောင်း​ သံသယရှိလာသည်။ ဒိုဗာတွင် ​နေထိုင်​သော ဆာကာသည် တာဘီသာက မူး​ယစ်​ဆေး​ဝါး​များ​ ​ရောင်း​ ချသူနှင့်​ ဆက်သွယ်သည့်​ ​နေရာကို သိရှိရန် ကြိုး​ပမ်း​ခဲ့​ပြီး​ တာဘီသာ၏ ချစ်သူ​ဟောင်း​ ခရစ်စတိုဖာ ဖရန်ကလင်း​၏ အကူအညီကို ရယူခဲ့​သည်။

သူမသည် တာဘီသာ မူး​ယစ်​ဆေး​ဝါး​ ထွက်မဝယ်နိုင်​အောင် ​ ခြေ​ထောက်ကို တိပ်ဖြင့်​ပတ်ကာ တား​မြစ်ထား​ခဲ့​သော်လည်း​ တာဘီသာက အ​ရေး​ပေါ် ဖုန်း​နံပါတ်သို့​ ​ခေါ်ဆိုကာ စူး​စူး​ဝါး​ဝါး​ ​အော်ဟစ်တိုင်ကြား​မှု​ကြောင့်​ တရား​ရုံး​က စွဲချက်တင်ကာ ဆာကာအား​ ​ ထောင်ဒဏ် ၁၂ လ ချမှတ်ခဲ့​သည်။ ယခုအခါ အ​သေး​စိတ် စုံစမ်း​မှုများ​ ပြုလုပ်ပြီး​နောက် တာဘီသာသည် ရဲတပ်ဖွဲ့​အား​ သူမအသက်ပင် မရှူနိုင်​လောက်​အောင် မိခင်နှင့်​ ချစ်သူ​ဟောင်း​တို့​ နှိပ်စက်​ နေသည်ဟူ​သော စွပ်စွဲမှုမှာ လီဆည်တိုင်ကြား​မှုသာဖြစ်​ကြောင်း​ သိရှိလာခဲ့​ခြင်း​ဟု သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here