စွမ်း​အင်အကြပ်အတည်း​ကြံုမည်​ကို အစ္စ​ရေး​​​စိုရိမ်

alt

အစ္စ​ရေး​နိုင်ငံသည် ယခုအခါ စွမ်း​အင်နှင့်​ ပတ်သက်ပြီး​ အကြပ်အတည်း​ ကြံုမည်ကို စိုး​ရိမ်​နေရသည်။ အီဂျစ်မှ အစ္စ​ရေး​သို့​ သွယ်တန်း​ထား​သည့်​ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ ​ပေါက်ကွဲမှု ဖြစ်ပွား​ပြီး​နောက် စွမ်း​အင်အတွက် ခက်ခဲလာဖွယ် ရှိ​နေသည်။

အီဂျစ်နိုင်ငံ၊​ အာရစ်ရှ်မှ အစ္စ​ရေး​သို့​ သွယ်တန်း​ပြီး​ ဓာတ်​ငွေ့​ထောက်ပံ့​နေ​သော ပိုက်လိုင်း​သည် ယခုသီတင်း​ပါတ်ကုန်က ​ပေါက်ကွဲခဲ့​ခြင်း​ ဖြစ်သည်။ ​ဖေ​ဖော်ဝါရီ ၅ ရက်​နေ့​က ပျက်စီး​မှုများ​ ဖြစ်​ပေါ်ခဲ့​သည့်​ ပိုက်လိုင်း​မှတဆင့်​ အစ္စ​ရေး​သည် အီဂျစ်ထံမှ ​ဒေါ်လာ ၁၀ သန်း​ဖိုး​ သဘာဝဓာတ်​ငွေ့​များ​ သီတင်း​ပါတ်တိုင်း​ ဝယ်ယူလျက်ရှိသည်။ အစ္စ​ ရေး​သည် စွမ်း​အင်ကဏ္ဍအတွက် ဓာတ်​ငွေ့​ကို ကြီး​ကြီး​မား​မား​ မှီခို​နေပြီး​ ယခုဆယ်စုနှစ် ကုန်ဆုံး​ချိန်တွင် တစ်နိုင်ငံလုံး​ လျှပ်စစ်ဓာတ်အား​ ​ထောက်ပံ့​မှု ရ၀ ရာခိုင်နှုန်း​ကို သဘာဝဓာတ်​ငွေ့​မှ ရရှိရန် ​ မျှော်လင့်​ထား​သည်။

ယခု​ပေါက်ကွဲ​သော ဓာတ်​ငွေ့​လိုင်း​သည် ​ဂျော်ဒန်နှင့်​ပါ ဆက်သွယ်ထား​ရာ အစ္စ​ရေး​ရော၊​ ​ဂျော်ဒန်ပါ သီတင်း​ပတ် ၂ ခုကြာမျှ ဓာတ်​ငွေ့​လက်ခံရယူနိုင်မည် မဟုတ်​ချေ။ အစ္စ​ရေး​ ဝန်ကြီး​ ချုပ် ဘင်ဂျမင် နာတန်ယာဟူက အစိုး​ရအဖွဲ့​ အစည်း​အ​ဝေး​ခေါ်ပြီး​ အ​ရေး​ပေါ် သတ်မှတ်ထား​သော ဓာတ်​ငွေ့​ရင်း​မြစ်များ​နှင့်​ ​ပြောင်း​လဲချိတ်ဆက်ရန် ညွှန်ကြား​ခဲ့​သည်။ မိမိတို့​အ​နေနှင့်​ ယခုအ​ခြေအ​ နေမျိုး​အတွက် ကြိုတင်စဉ်း​စား​ထား​ပြီး​ဖြစ်​ကြောင်း​ နာတန်ယာဟူကဆိုသည်။

ဓာတ်​ငွေ့​လိုင်း​ ​ပေါက်ကွဲမှုနှင့်​ ပတ်သက်ပြီး​ အကြမ်း​ဖက်သမား​များ​၏ လုပ်ရပ်ဟု သတင်း​ထွက်​နေ​သော်လည်း​ အီဂျစ်စွမ်း​အင် ဝန်ကြီး​ဌာနကမူ ဓာတ်​ငွေ့​ယိုစိမ့်​ရာမှ မ​တော်တဆ ​ပေါက်ကွဲခြင်း​သာဖြစ်​ကြောင်း​ ​ပြောဆိုထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here