ဆင်ပစ်ခွင့်​​မရသဖြင့်​ ဂျာမနီ​​ခရီး​​သွား​​လုပ်ငန်း​အား​ ပိုလန်​မုဆိုး​ တရား​စွဲဆို

alt

ပိုလန်နိုင်ငံမှ မုဆိုး​တစ်ဦး​က ဆင်ပစ်ခွင့်​ မရခြင်း​အတွက် ဂျာမန်အ​ခြေစိုက် ခရီး​သွား​လုပ်ငန်း​ ကုမ္ပဏီ တစ်ခုအား​ တရား​စွဲဆိုထား​ကြောင်း​ သိရသည်။ ၎င်းသည် အာဖရိကတိုက်သို့​ သွား​ ရောက်ပြီး​ ဆင်တစ်​ကောင် ပစ်ခတ်ခွင့်​ရရန် အစဉ် စိတ်ကူး​ယဉ်​နေခဲ့​သူဖြစ်သည်။

သို့​သော်လည်း​ ဂျာ​ဝေါ့​စကီး​ ဂျာဒါရီဆန် ကုမ္ပဏီ၏ စီစဉ်​ပေး​သော ခရီး​စဉ်တွင် ဆင်တစ်​ကောင်မှ ပစ်ခွင့်​မရခြင်း​ကြောင့်​ ယခုလို တရား​စွဲခဲ့​ခြင်း​ဖြစ်သည်။ ယင်း​ကုမ္ပဏီသည် အ​ပျော်တမ်း​ မုဆိုး​များ​အတွက် ​တောလိုက်ခရီး​ စီစဉ်​ပေး​နေသည်။ ဝယ်ဒါမန်ဟုသာ အမည်​ဖော်ပြ​သော မုဆိုး​သည် ကုမ္ပဏီ၏ စီစဉ်​ပေး​မှုအရ ဇင်ဘာ​ ဘွေသို့​ ဆင်ပစ်ရန် ​ရောက်လာခြင်း​ဖြစ်သည်။ ကုမ္ပဏီက ယင်း​ခရီး​စဉ်တွင် ဝယ်ဒါမန် အ​နေနှင့်​ ဆင်တစ်​ကောင်​ကောင် ​တွေ့​ရှိခဲ့​သင့်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ယင်း​ကုမ္ပဏီသည် ဝယ်ဒါမန်အတွက် ​ နောက်တစ်ကြိမ် ခရီး​စီစဉ်​ပေး​ပြီး​ ထိုတစ်ကြိမ်တွင်မူ ၎င်းသည် ဆင်ထီး​တစ်​ကောင် ပစ်သတ်နိုင်ခဲ့​သည့်​တိုင် ပထမအကြိမ် လွဲ​ချော်မှုအတွက် ​လျော်​ကြေး​ ​ဒေါ်လာ ၁၃၀၀၀၀ ရယူလို​ကြောင်း​ မုဆိုး​က ​ တောင်း​ဆိုထား​သည်။ ယင်း​အမှုကို ​ဖေ​ဖော်ဝါရီ ၁၅ ရက်​နေ့​တွင် စတင်ကြား​နာမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here