​သမီး​ဖြစ်သူအား​ ရ နှစ်အရွယ်ကတည်း​က မုဒိမ်း​​ကျင့်​ခဲ့​သည့်​ ဖခင်အား​ ​ထောင်ဒဏ်ချမှတ်

alt

အသက် ၄၂ နှစ်အရွယ် ပုဂ္ဂိုလ်တစ်ဦး​က ၎င်းသည် သမီး​ဖြစ်သူအား​ အသက် ရ နှစ်အရွယ် ပထမတန်း​ ​ကျောင်း​သူဘဝကတည်း​က မုဒိမ်း​ကျင့်​ခဲ့​သည့်​အတွက် ​ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခြင်း​ ခံလိုက်ရ​ကြောင်း​ သိရသည်။

စင်္ကာပူ နိုင်ငံသား​ တစ်ဦး​ဖြစ်သည့်​ အဆိုပါ သနား​စရာ က​လေး​မသည် ယခုအခါ အသက် ၁၂ နှစ်အရွယ် ရှိ​နေပြီး​ ၆ တန်း​တွင် ပညာသင်ကြား​နေသည်။ အတန်း​တွင်း​ အင်္ဂလိပ်စာ ဆရာမက Little Red Riding Hood အမည်ရှိ ပုံပြင်ကို ​ပြောပြကာ လူစိမ်း​များ​ ရန်ပြုတတ်ပုံကို ရှင်း​ပြခဲ့​သည်။ သို့​သော် က​လေး​မ​လေး​၏ ​ခြောက်ခြား​နေပုံကို သတိပြုမိပြီး​နောက် ​မေး​မြန်း​ခဲ့​ရာ ဖခင်ဖြစ်သူ၏ လူမဆန်​သော လုပ်ရပ် ​ပေါ်​ပေါက်လာခဲ့​သည်။ ​နောက်ပိုင်း​တွင် ဆရာမများ​မှတဆင့်​ ရဲတပ်ဖွဲ့​ထံ အ​ကြောင်း​ကြား​ခဲ့​ပြီး​ ဖခင်ဖြစ်သူအား​ စွဲချက်တင်ခဲ့​သည်။

တရား​ရုံး​တွင် ဖခင်က ယင်း​အမှုကို ကျူး​လွန်​ကြောင်း​ ဝန်ခံခဲ့​သည်။ ၂၀၀၅ ခုနှစ်က မိန်း​က​လေး​မှာ မိသား​စုပိုင် တိုက်ခန်း​အတွင်း​ ပထမဆုံး​အကြိမ် မုဒိမ်း​ကျင့်​ ခံခဲ့​ရ​ကြောင်း​ သိရသည်။ တရား​ရုံး​က အခြား​သော လိင်ပိုင်း​ဆိုင်ရာ စွဲချက်များ​ ကိုပါ လက်ခံကြား​နာပြီး​ ဖခင်ဖြစ်သူကို ယခုကဲ့​သို့​ နှစ်ရှည်​ထောင်ဒဏ် စီရင်လိုက်ခြင်း​ဖြစ်​ကြောင်း​လည်း​ သတင်း​များ​တွင် ​ရေး​သား​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here