ကမ္ဘာ့​ပထမဆုံး​ မိုး​ပျံကား​ ​ရောင်း​ချ​တော့​မည်

alt

ကမ္ဘာ့​ပထမဆုံး​ မိုး​ပျံကား​ကို မကြာမီ ​ရောင်း​ချသွား​တော့​မည်ဖြစ်သည်။ အ​မေရိကန် ကုမ္ပဏီ Terrafugia Transitionက မိုး​ပျံကား​ စမ်း​သပ်မှုများ​အား​လုံး​ စိတ်​ကျေနပ်​လောက်ဖွယ် အပြီး​သတ်နိုင်ခဲ့​ပြီး​နောက် ယင်း​ကို မကြာမီ ​ရောင်း​ချသွား​တော့​မည်ဟု ​ကြေညာခဲ့​သည်။

​ဘော်စတွန် အ​ခြေစိုက် ကုမ္ပဏီက ဖန်တီး​ထား​သော ​မော်​တော်ကား​သည် စက္ကန့်​ ၃၀ အတွင်း​ ​မော်​တော်ကား​ အသွင်မှ ​လေယာဉ်ငယ် တစ်စင်း​အဖြစ် အသွင်​ပြောင်း​လဲနိုင်သည်။ ယင်း​သည် ​လေထဲတွင် တစ်နာရီ ၁၈၅ မိုင်နှုန်း​ ​မောင်း​နှင်နိုင်ပြီး​ လမ်း​ပေါ်တွင် ၁ နာရီ ၁၀၅ မိုင်နှုန်း​ထိ မြန်နှုန်း​မြှင့်​တင်နိုင်သည်။ ​မော်​တော်ကား​​အဖြစ် ​မောင်း​နှင်​နေစဉ် ​တောင်ပံများ​ကို ​ခေါက်ထား​နိုင်မည်​ဖြစ်သည်။ ယခုနှစ် အတွင်း​ စတင်​ရောင်း​ချမည့်​ ​မော်​တော်ကား​များ​၏ ​ဈေး​နှုန်း​ကို ​ပေါင်စတာလင် ၁၂၅ဝဝဝ မှ ၁၆၀၀၀၀ အတွင်း​ သတ်မှတ်သွား​ဖွယ် ရှိ​နေသည်။ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး​ဖြစ်​သော ရစ်ချတ်ဂရက်က နှစ်စဉ် မိုး​ပျံကား​စင်း​ရေ ၂၀၀ ဝန်း​ကျင်မျှ ​ရောင်း​ချသွား​ရန် ​မျှော်လင့်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ယင်း​ကား​များ​ သည် တစ်ကြိမ် ဆီဖြည့်​ထား​လျင် မိုင် ၄၀၀ မှ ၄၅၀ ထိ ခရီး​ပေါက်​အောင် သွား​လာနိုင်ပြီး​ ယခုအခါ စင်း​ရေ ၁၀၀ စာ ​အော်ဒါလက်ခံရရှိထား​ကြောင်း​ ၎င်းက ဆက်လက်​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here