မြင်​တွေ့​သိသမျှ ​ပြောရရင်ဖြင့်​

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

တိတ်တိတ်ပုန်း​​မယား​က​လေး​နဲ့​

အိုင်တီ​​ခေတ်မှာ​ကြည့်​လေ။ စာ​ပေ​​အနုပညာ​​လောကမှာ

မဂ္ဂဇင်း​​ဂျာနယ်​တွေ​အမည် ကို ဘိုလို​​ပေး​ကြတာ အ​လေ့​အထ​တစ်ခု​အဖြစ်​ယဉ်ပါး​​နေကြပြီ​မဟုတ်လား​။

IMAGE , YOUTH , 8Day, ELEVEN စသဖြင့်​ ​ပေါ့​။ များ​မှများ​။ လက်ညိုး​ထိုး​မလွဲဘူး​။ ပန်း​ချီပြပွဲ​တွေလည်း​သွား​ကြည့်​။ ပန်း​ချီကား​အား​လုံး​လိုလို ဘိုလို​တွေချည်း​ပဲ နာမည် ​ပေး​ထား​ကြတယ်။ ကျုပ်ဆိုရင် ဘိုလိုမတတ်​တော့​ ပန်း​ချီပြပွဲသွား​ရင် အင်္ဂလိပ်-မြန်မာ၊​ မြန်မာ-အင်္ဂလိပ် အဘိဓာန်စာ အုပ် နှစ်အုပ်​လောက်သယ်သွား​ရမလိုပဲ။ ပန်း​ချီကား​တွေကလည်း​ နာမည်ကြည့်​လိုက်မှ ပိုအရသာရှိတာကိုး​။ ဂျာနယ်တစ် ​စောင်မှာ​တော့​ အင်္ဂလိပ်စာအသုံး​အနှုန်း​အမှား​တွေကို ​ထောက်ပြ​ဝေဖန်ထား​တာ​တွေ့​ရတယ်။ ထိုင်​နေအ​ကောင်း​၊​ ထသွား​ မှ ကျိုး​မှန်း​သိ​ရော။ ဂျာနယ်​တွေဖတ်ကြည့်​လိုက်ရင် သတင်း​တွေက ထပ်​နေပြီး​ အသိပညာဗဟုသုတမရတာများ​ပါတယ်။ ဥပမာ- အချစ်၊​ လျှပ်တပြက်၊​ ​မော်နီတာဂျာနယ်​တွေဆို ကျုပ်ဖြင့်​ ကိုင်​တောင်မကိုင်ကြည့်​တော့​ဘူး​။ ဘာ​ကြောင့်​လဲဆို ​တော့​ ထုတ်​ဝေသူ၊​ အယ်ချုပ်၊​ သတင်း​ ထောက်​တွေရဲ့​ စီး​ပွား​ရေး​ကို အား​ပေး​မှာဖြစ်မှာစိုး​လို့​။ လျှပ်တပြက်ဂျာနယ်၊​ အချစ် ဂျာနယ်ကြည့်​မယ့်​အစား​ ပြည်သူ့​ခေတ်ဂျာနယ်ပဲဝယ်ပြီး​ဖတ်လိုက်တယ်။ လုပ်စား​နေတဲ့​ဂျာနယ်​တွေ ထက်စာရင် ပြည်သူ့​ခေတ်ဂျာနယ်ကို​တော့​ ပိုအကြိုက်​တွေ့​တယ်။ ဪ… စကား​မစပ် ​ပြောရမယ်ဆိုရင် ​မော်နီတာနဲ့​ လျှပ်တပြက်ဂျာနယ်အယ်ဒီတာချုပ်ကြီး​က တိတ်တိတ်ပုန်း​မယား​က​လေး​နဲ့​ ဂျာနယ်တိုက်မှာပဲ​ နေတယ် ဆိုလား​ပဲ။

ဂျယ်တကာတို့​ရဲ့​ဂျယ်ကြီး​

မောင်မင်း​….ပြောရမလား​…ဆိုတဲ့​ခေါင်း​စဉ်ကြည့်​ပြီး​ နီး​စပ်တဲ့​မိတ်​ဆွေ​တွေက “ခင်ဗျား​က ဘာဖြစ်လို့​မနာလို လိုက်ဖြစ်​နေရတာလဲ” လို့​ဝေဖန်ပါတယ်။ ပြီး​လို့​ စာ​ပေ​လောကဖခင်ကြီး​၊​ ​ မော်ဒန်ဂုရုကြီး​လည်း​မဟုတ်ဘဲနဲ့​ ဘာလို့​ ​မောင်မင်း​ပြောရမလား​ ဖြစ်​နေတာလဲတဲ့​။ တကယ်ဆို ​ပြောသင့်​တဲ့​သူကို​ပြောရမယ်ဆိုတဲ့​သူပဲဖြစ်ရမယ်မဟုတ်လား​တဲ့​။ မျိုး​ ချစ်စိတ် ထက်သန်စွာ​ဝေဖန်ကြတယ်။ အမှန်အတိုင်း​ပြောရရင် ဂလိုဘယ်​ခေတ်ကြီး​နဲ့​ အမှီလိုက်တယ်ပဲ ​ပြောရမလား​။ ကျုပ်တို့​ မဟာသာကီမျိုး​တွေ အပြိုင်အဆိုင် ဘိုဆန်ကုန်ကြတာ​တွေ့​တော့​ ကျုပ်လည်း​ ​နောက်ကျမကျန်ရစ် ​အောင် မျက်စိမှိတ်တွယ်လိုက်တာပဲ။ မကြာခင်က ဒီ​နေ့​အ​ရောင်း​ရဆုံး​တန်း​ဝင်​နေတဲ့​ဂျာနယ်တစ်​စောင်ရဲ့​ အ​ကြောင်း​လေး​ ကိုလည်း​ ​ပြောချင်​သေး​ဗျး​။ ဂျယ်တကာ့​ဂျယ်တို့​ရဲ့​ ဂျယ်ကြီး​အ​ကြောင်း​လေ။ စာ​ပေနဲ့​ အနုပညာ​လောကမှာ သူမပါရင် ပွဲမဖြစ်သလိုပဲလို့​ ယူဆကြတဲ့​ ဝတ္ထုတို​ရေး​သူ​တွေ ၊​ ရသစာတမ်း​ရေး​သူ​တွေ အား​ကိုး​အား​ထား​ပြု​နေတဲ့​ အလင်း​တန်း​ဂျာနယ် အယ်ဒီတာချုပ်လည်း​ဖြစ်ပြန်၊​ ​ရွှေအမြု​ တေမဂ္ဂဇင်း​ကြီး​ရဲ့​ အယ်ဒီတာချုပ်လည်း​ဖြစ်ပြန်တဲ့​ ဂျယ်တကာ့​ ဂျယ်တို့​ရဲ့​ ဂျယ်ကြီး​က​တော့​ လက်​ဝှေ့​ကျော်စာ​ရေး​ဆရာကြီး​ရဲ့​သား​ဖြစ်ပြီး​ ​ယောကျာ်း​​ပီပီသသမဖြစ်ဘဲ ဂျာနယ်တစ်​စောင် ရုံး​ခန်း​ရဲ့​ ​နောက်​ ဖေး​အိမ်သာမှာ —— ကို —-ပေး​နေတယ်ဆိုတာ ကျုပ်မိတ်​ဆွေတစ်​ယောက်က သတင်း​ တိတိ​ကျကျ​ပေး​ပါတယ်။ အဲဒါ​ကြောင့်​လည်း​ ဂျယ်ကြီး​​​တစ်​ယောက်​တော့​ ခိုး​ကြောင်ခိုး​ဝှက်နဲ့​ မဂ္ဂဇင်း​ ဂျာနယ်တို့​ရဲ့​ အယ်ဒီတာချုပ်​ရာထူး​ကို ပြုတ်သွား​မှာ ​ကြောက်​နေတယ်​ဆိုလား​ပဲ။

သူခိုး​တကာတို့​ရဲ့​ သူခိုး​ကြီး​

မကြာခင်က နာမည်ကြီး​ဂျာနယ်တစ်​စောင်(ဂျာနယ်ခွဲ​တွေ၊​ မဂ္ဂဇင်း​တွေထုတ်တဲ့​ ဂျာနယ် တိုက်ကြီး​ပေါ့​ဗျာ) လည်း​ လျှပ်တပြက်၊​ အချစ်၊​ အလင်း​တန်း​လို့​လို ​ဈေး​ကွက်ဝင် ​ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်က​တော့​ သူခိုး​တကာတို့​ရဲ့​ သူခိုး​ကြီး​ပါပဲ။ ​နောက်​ဖေး​လမ်း​ကြား​ထဲမှာလှန်း​ထား​တဲ့​ ထမီခိုး​သူထက်၊​ အလှူအိမ်ကဖိနပ်ခိုး​သူထက် ဆိုး​တဲ့​ စာသူခိုး​ကြီး​အ​ကြောင်း​ ​ မောင်မင်း….​ပြောရမလား​။ စာ​ပေအနုပညာ​လောကမှာ အဲဒီစာသူခိုး​ကြီး​ရဲ့​ ဂျာနယ်မဂ္ဂဇင်း​ တိုက်ကို စာ​ရေး​သူ​တွေက​ဆောင်း​ပါး​ပို့​တာ။ အဲဒါကို က​လောင်အမည် ​နေရာမှာ ခပ်တည်တည်နဲ့​ သူ့​နာမည်တပ်ပြီး​ တခြား​မဂ္ဂဇင်း​တွေကိုပို့​ပြီး​ စာမူခ​တွေကြိုယူတယ်။ အရှိန်အဝါကလည်း​ကြီး​တော့​ တခြား​မဂ္ဂဇင်း​ဂျာနယ်တိုက်​တွေက ဘုမသိဘမသိ သုံး​လိုက်တယ်ဆိုရင်ပဲ မူရင်း​စာ​ရေး​သူ​လေး​တွေဟာ ဘာမှအ​ရေး​ယူလို့​မရသလို ဘာမှလည်း​ ​လျော်​ကြေး​ မရခဲ့​ပါဘူး​။ ​နောက်ဆုံး​ကြား​ရတဲ့​သတင်း​က မ​ကောင်း​လိုက်တာ​လေ။ အယ်ဒီတာချုပ်သူခိုး​ကြီး​နဲ့​ ရင်း​နှီး​ခင်မင်တဲ့​ စာ​ရေး​ဆရာ ငမွဲတစ်ဦး​ရဲ့​ ​ဆောင်း​ပါး​ကို​တောင် သူ့​က​လောင်တပ်ပြီး​ သူ့​ဂျာနယ်မဂ္ဂဇင်း​မှာသုံး​လိုက်တယ်။ တခြား​စာသူခိုး​ ​တွေထက်စာရင် အဲဒီလို စာသူခိုး​အကြီး​စား​ကြီး​ကို အမျိုး​သား​စာ​ပေဆု​ပေး​တဲ့​ စစ်အစိုး​ရကလည်း​ ဘယ်​လောက်များ​ ပြည်သူ့​ငွေ​တွေ ခိုး​ထား​သလဲမသိဘူး​။ ဪ…. သူခိုး​တိုင်း​ပြည်ဖြစ်​နေပြီပဲ​လေ။

ဖား​ချက်က​တော့​ ကမ်း​ကုန်

သူ့​အရပ်နဲ့​သူ့​ဇာတ်နဲ့​တော့​ ဟုတ်​နေတာပဲ။ သူ့​ဂျာနယ်ဖတ်သူ​တွေကလည်း​ လူပြိန်း​ ​တွေ ၊​ လက်လုပ်လက်စား​သမ​လေး​တွေ၊​ ကုန်စိမ်း​သည်​လေး​တွေ ဖြစ်မှာ​ပေါ့​။ ဉာဏ်ပညာမရှိတဲ့​ ပညာတတ်ဘွဲ့​ရ​တွေ ဖြစ်မှာ​ပေါ့​။ ကြား​ထဲက မုဒိတာပဲပွား​ပေး​ရပါတယ်။ ကျုပ်က သူတို့​လောက်မှမတတ်နိုင်တာကိုး​။ ​ပေါ်ပြူလာ၊​ အချစ်၊​ အလင်း​တန်း​၊​ မန္တ​လေး​အရုဏ်ဦး​၊​ ​ရွှေအမြု​တေ၊​ ရတီ မဂ္ဂဇင်း​ ဂျာနယ်​တွေမှာလည်း​ ဒီမင်း​သား​ ဒီမင်း​သမီး​အ​ကြောင်း​တွေ ကို အမျိုး​စုံလင်စွာ မရိုး​နိုင်​အောင်​ဖော်ပြ​နေတာ​တွေဟာ ရိုး​နေပြီ​လေ။ စာ​ပေမှာ အလိမ္မာရှိတယ်ဆိုပြီး​ စာဖတ်သူ​တွေဆီက အလိမ်အညာနဲ့​ ​ ငွေလိမ်ယူ​နေသူ​တွေ​လေ။ တကယ်​တော့​ “စာနယ်ဇင်း​မှာ အလိမ်အညာရှိတယ်” လို့​သာ​ပြော လိုက်ချင်တယ်။ လျှပ်တပြက်ဂျာနယ် အယ်ချုပ်ကြီး​ကလည်း​ စစ်အစိုး​ရကို ဖား​ချက်က ကမ်း​ကုန်တယ်။ တကယ်လို့​သာ စစ်အစိုး​ရပြုတ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်အစိုး​ရ တက်လာရင်လည်း​ အယ်ဒီတာချုပ်မြတ်ခိုင်က​တော့​ လှည့်​ပတ်ဖား​နေဦး​မှာပဲ။ အား​သာတဲ့​ဘက်ကိုဖား​ပြီး​ အား​နည်း​တဲ့​ဖက်ကို ​ချေမှုန်း​ ချင်တဲ့​ ငဖား​မြတ်ခိုင်​လေ။ ဘယ်လိုဖား​ပြီး​ ဘယ်လိုအကြံအစည်​တွေ နဲ့​ စာ​ပေ​လောကကြီး​ကို ဆက်ဒုက္ခ​ပေး​ဦး​မလဲမသိဘူး​။ အဲဒီလိုငဖား​တွေကို မြန်မာပြည်မှာ မထား​ချင်ဘူး​။ သူ့​ရဲ့​တိတ်တိတ် ပုန်း​မယား​နဲ့​ အတူတူတွဲပြီး​ ငရဲပြည်ကိုသာပို့​ပစ်ရမှာ။

တ​ယောထိုး​မပျက်တဲ့​ဘုရင်​တွေ

ယ​နေ့​ မြန်မာပြည်မှာ ​နွေဦး​ရောက်တာနဲ့​ မီး​ဘေး​အန္တရာယ်​တွေက မမြင်ချင်အဆုံး​ပဲ။ ပြီး​ခဲ့​တဲ့​အပတ်ကပဲ ရန်ကုန်မြို့​တော်မှာ သုံး​ရက်ဆက်တိုက် မီး​လောင်မှု​တွေဖြစ်တယ်။ မီး​ သတ်ကား​တွေက​တော့​ တဝီဝီနဲ့​ သွား​ပါရဲ့​။ မီး​လောင်​နေတဲ့​နေရာ​ရောက်​တော့​ မီး​မသတ်​သေး​ဘဲ ​ငွေ​တောင်း​တယ်ဆိုလား​ပဲ။ အမြဲကြား​ရတယ်။ ​တောင်း​တဲ့​ ​ငွေကလည်း​ သိန်း​နှစ်ဆယ်တဲ့​။ ​လောင်သွား​တဲ့​ အိမ်က ငါး​သိန်း​တောင်မတန်ဘူး​။ ကြား​ရတာ စိတ်မ​ကောင်း​လိုက် ​လေခြင်း​။ ဗိုလ်ချုပ်​ဈေး​ထဲမှာ မီး​လောင်မှုဖြစ်ကာစက​လေး​ပဲရှိ​သေး​။ ​ငွေ ၂၅ သိန်း​ မီး​သတ်က​တောင်း​တယ်ဆိုပဲ။ ​ဟော… ​ နောက်တစ်ပတ်မှာ​တော့​ သိမ်ကြီး​ဈေး​ပထမထပ်စား​သောက်ဆိုင်မှာ မီး​လောင်​တော့​လည်း​ ​ငွေအရင်​တောင်း​တာပဲတဲ့​။ မီး​လောင်တာကို မီး​မသတ်ဘဲ ​ငွေ​တောင်း​တတ်​နေပြီ။ ​ရောမမြို့​ကြီး​မီး​လောင်​ နေတာမှာ တ​ယောထိုး​မပျက်တဲ့​ဘုရင်လိုပါပဲ လား​။ မြန်မာနိုင်ငံဗဟိုမီး​သတ်က​တော့​ လုပ်ချပြီး​ရင်လုပ်ချလိုက်​လေပဲ။ တ​ယောထိုး​မပျက်တဲ့​ဘုရင်​တွေလို ​ငွေ​တောင်း​ လည်း​ မပျက်ဘူး​လေ။ မီး​က​တော့​ လောင်လို့​ ပြာက​လေး​တွေ​တောင် ပလူပျံ​နေပြီ။ အရန်မီး​သတ်တပ်ဖွဲ့​ဝင်က​လေး​တွေက ​တော့​ မီး​လောင်ရင်​ပျော်​နေတာပဲ။ ဒံ​ပေါက်​တွေစား​ရသလို ​ဘောက်ဆူး​တွေလည်း​ရတယ်တဲ့​။ ​ဟော… အခု လစာ​ တောင် ၄၅၀၀၀ ​ပေး​မယ်ဆိုလား​ပဲ။ ကျုပ်လည်း​ မီး​ကိုဂရုစိုက်မှပဲ။ မီး​လောင်သွား​ရင် မီး​သတ်ဖို့​ ​ငွေ ၂၅ သိန်း​မရှိဘူး​လေ။ အမှုဖြစ်ရင်​တောင် ​ငွေက ၂၅ သိန်း​လောက်လက်ထဲရှိမှ​လေ။

အကန့်​အသတ်

ဘဝင်မကျတာ​တွေ၊​ မကြိုက်မနှစ်သက်တာ​တွေကိုပဲ ​ပြောချင်တာပါ။ ခုထိ အမြင်မ​တော်တဲ့​ ကိစ္စဝိစ္စ​တွေဆို သိပ်​ပြောချင်တယ်။ ရန်ကုန်မြို့​တော်ခန်း​မ​ဘေး​ပတ်လည်မှာ၊​ ရဲစခန်း​တွေ​ရှေ့​ မှာ၊​ ပန်း​ဆိုး​တန်း​အောက်လမ်း​မှာ သံဇကာသံဆူး​ကြိုး​တွေ ချထား​တာ၊​ အကြမ်း​ဖက်သမား​အ​ကြောင်း​ပြပြီး​ လုပ်ထား​တာ​တွေ ​တွေ့​တော့​ ​မောင်မင်း​ရယ်ချင်တယ်။ ​ခေါင်း​ဆောင်​ကောင်း​ရင် အကြမ်း​ ဖက်သမား​ဆိုတာ မရှိပါဘူး​။ မြန်မာနိုင်ငံက ဗုံး​ပေါက်ကွဲမှု​တွေဆိုတာလည်း​ စစ်အစိုး​ရရဲ့​ လန်ကြုတ်ကြံစည်မှု​တွေပါပဲ။ လှည့်​စား​အာရုံ​ပြောင်း​မှု​တွေပါပဲ။ အဲဒီလိုလုပ်​နေ လို့​က​တော့​ တိုင်း​ပြည်​အေး​ချမ်း​မှာ မဟုတ်သလို ဒီမိုက​ရေစီနိုင်ငံလည်း​ ဖြစ်လာမှာမဟုတ်ပါဘူး​။ ဒီမိုက​ရေစီနိုင်ငံဖြစ်လာမှာ မဟုတ်သလို တိုး​တက်တဲ့​ ​ခေတ်မီနိုင်ငံလည်း​ ဖြစ်လာမှာမဟုတ်ဘူး​။ အဓိကက​တော့​ ပြည်သူ​တွေ ဖြတ်သန်း​သွား​ လာ​နေတဲ့​ မြို့​တော်ခန်း​မ​ဘေး​ပတ်လည်မှာ၊​ ရဲစခန်း​ရှေ့​တွေမှာ ၊​ ပန်း​ဆိုး​တန်း​အောက်လမ်း​မှာ စတဲ့​ အမြင်မ​တော်တဲ့​ တား​ဆီး​မှု၊​ လမ်း​ပိတ်ဆို့​မှု​တွေကို ဖယ်ရှား​စေချင်တာပါပဲ။ နိုင်ငံခြား​သား​တွေအမြင်မှာ ရှက်စရာပါ။ ပြည်သူ​တွေ အကန့်​အသတ်နဲ့​ သွား​လာရတာ မ​ကောင်း​ပါဘူး​။

ဘယ်ဂူ​ပေါက်​ ကောင်း​မလဲ

ဟိုတုန်း​က အိမ်​ထောင်တစ်ခုမှာ အိမ်သား​တစ်ဦး​နှစ်ဦး​က ရှာ​ဖွေ​ကျွေး​ရင် လုံ​လောက် ​တော့​ မိသား​စုအတူ​နေကြ ​တွေ့​ဆုံကြတဲ့​အချိန်ဟာ အများ​ကြီး​ရခဲ့​တယ်။ အခု​ခေတ်မှာ စား​ဝတ်​ နေ​ရေး​က ကျပ်တည်း​လွန်း​တော့​ အိမ်​ထောင်တစ်ခုက လုပ်နိုင်တဲ့​လူ အား​လုံး​ထွက်ပြီး​ အလုပ်လုပ်မှ အဆင်​ပြေ​ချော​မွေ့​တယ်။ ​နေ့​အလုပ်၊​ ညအလုပ်၊​ သန်း​ခေါင်အလုပ် စသဖြင့်​ ရတာကိုလုပ်ကြရ​တော့​ မိသား​စုဆုံတဲ့​အချိန်​တွေ နည်း​ပါး​လာတယ်။ ကျုပ်တို့​လည်း​ မိဘနဲ့​ ​ဝေး​ရာ၊​ အိမ်နဲ့​ဝေး​ရာ ရန်ကုန်​ရွှေမြို့​တော်ကြီး​ကို ​ရေကြည်ရာမြက်နုရာဆိုပြီး​ ​ရောက်လာခဲ့​တာပဲ​လေ။ ​သေချင်တဲ့​ကျား​ ​တော​ပြောင်း​ ဆိုသလိုမျိုး​ ကျုပ်တို့​မှာ ​ပျော်ရာမှာမ​နေရ ​တော်ရာမှာ​နေရတဲ့​ဘဝကို ​ရောက်ခဲ့​ရောဆိုပါ​တော့​။ လွန်ခဲ့​တဲ့​ ​ခြောက်နှစ်​လောက်တုန်း​က ရန်ကုန်မြို့​ကြီး​ဟာ စည်စည်ကား​ကား​ပါပဲ။ အဆင်​ပြေ​ချော​မွေ့​ခဲ့​တယ်။ စစ်​ခေါင်း​ဆောင်ကြီး​ရဲ့​ ​ရွှေဉာဏ်​တော်စူး​ရောက်မှု​တွေ​ကြောင့်​ ​နေပြည်​တော်ကြီး​တိုး​တက်လာ​တော့​ ရန်ကုန်မြို့​ကြီး​ဟာ မီး​တပျက်ပျက်… ​ရေဆန့်​တငင်ငင်နဲ့​ ကျန်ခဲ့​တယ်​လေ။ ​နေပြည်​တော်နဲ့​ပတ်သက်တဲ့​ ​ ကောင်း​သတင်း​၊​ ဆိုး​သတင်း​တွေကလည်း​ လူ​တွေရဲ့​ ပါး​စပ်ဖျား​မှာ ​ရေပန်း​စား​လာတယ်။ အာဏာရူး​ကြီး​က​တော့​ ထွက်​ပြေး​နိုင်ဖို့​ အလယ်ရိုး​မ​တောင်​တွေကို အား​ကိုး​ပြီး​ အ​ပေါက်​တွေလိုက်​ဖောက်ထား​ တယ်ဆိုပဲ။ ကျုပ်လည်း​တွေး​မိတယ်။ မ​တော်ရင်ထွက်​ပြေး​ဖို့​ ဘယ်ဂူ အဆင်သင့်​ရှိမလဲဆိုတာ​ပေါ့​။

သမ္မတ ရာထူး​ကြီး​

လူဆိုတာ လူ့​အဖွဲ့​အစည်း​နဲ့​ ​နေကြတာမို့​လား​။ လူ​တွေလက်မခံတာ၊​ ပြည်သူက လက်မခံတာ​တွေကို မလုပ်ကြ​စေချင်​တော့​ပါဘူး​။ အာဏာရူး​နေကြတဲ့​ စစ်အစိုး​ရကို ပြည်သူ​တွေက မလိုလား​ခဲ့​တာ ကြာပါပြီ။ ကြံ့​ဖွတ်ပါတီကို​တောင် လိုချင်တာမဟုတ်ပါဘူး​။ သမ္မတကြီး​ဦး​သိန်း​စိန်ဆိုတာကိုလည်း​ မလိုလား​ကြပါဘူး​။ ဘယ်ပြည်သူကမှလည်း​ သမ္မတကို​ထောက်ခံမဲမ​ပေး​ခဲ့​သလို ကျုပ်လည်း​ပေး​ခဲ့​တာ မဟုတ်ပါဘူး​။ အခု​တော့​ အာဏာရူး​ဗိုလ်ချုပ်မှူး​ကြီး​က ခိုင်း​လို့​ကောင်း​မယ့်​ နွား​ကြီး​သိန်း​စိန်ကို လယ်ထွန်မင်္ဂလာ သီချင်း​လေး​ဆိုပြီး​ လယ်ထွန်ခိုင်း​ဖို့​ အဆင်သင့်​ဖြစ်​နေပါပြီ။ ဪ…. သိန်း​စိန်ကြီး​က​တော့​ နွား​လုံး​လုံး​ဖြစ်မှန်း​မသိဘဲ သမ္မတရာထူး​ကြီး​နဲ့​ဆက်ရူး​နေ​တော့​မှာ ပါပဲ​လေ။ ။

ကျေးတမာန်​

LEAVE A REPLY

Please enter your comment!
Please enter your name here