နည်း​ပညာမြင့်​ ​ထောက်လှမ်း​ရေး​ဂြိုဟ်တု အ​မေရိကန်​လွှတ်တင်

alt

အ​မေရိကန် စစ်ဖက်သည် ​ထောက်လှမ်း​ရေး​ ရည်ရွယ်ချက်ဖြင့်​ အသုံး​ပြုမည့်​ နည်း​ပညာမြင့်​ ဂြိုဟ်တုတစ်ခုကို လွှတ်တင်ခဲ့​ကြောင်း​ သိရသည်။ Minotaur 1 ဂြိုဟ်တုကို ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​က ​အောင်မြင်စွာ လွှတ်တင်လိုက်​ကြောင်း

​ အ​မေရိကန် အမျိုး​သား​ ​ထောက်လှမ်း​ရေး​ ဌာန (NRO) က ​ကြေညာခဲ့​သည်။ ယင်း​သည် အာကာသမှတဆင့်​ ​ထောက်လှမ်း​ရေး​ သတင်း​အချက်အလက်များ​ ရယူနိုင်ရန် ကြိုး​ပမ်း​မှုအတွက် အ​ရေး​ပါသည့်​ ​ခြေလှမ်း​တစ်ရပ် ဖြစ်လာသည်။ NRO ဒါရိုက်တာ ​ရောဘတ် ဘရို​ဒေါ့​စကီး​က ယခုဂြိုဟ်တု ​အောင်မြင်စွာ လွှတ်တင်နိုင်ခြင်း​သည် မိမိတို့​နိုင်ငံအ​နေနှင့်​ အ​သေး​စား​ အာကာသယာဉ်များ​ကို လျင်လျင်မြန်မြန် တည်​ဆောက်နိုင်​ကြောင်း​ လက်​တွေ့​ပြသနိုင်ခဲ့​သည်ဟု မှတ်ချက်ပြု ​ပြောဆိုသွား​သည်။

NRO က ယခုဂြိုဟ်တု လွှတ်တင်မှုသည် နည်း​ပညာပိုင်း​ဆိုင်ရာ ပိုမိုတိုး​တက် ​ကောင်း​မွန်လာမှုကိုလည်း​ ညွှန်ပြ​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ယင်း​ဂြိုဟ်တုအတွက် ကုန်ကျစရိတ်ကိုမူ ဌာနက လျှို့​ဝှက်ထား​သည်။ ဂြိုဟ်တုသည် တွဲ၍တပ်ဆင်ထား​သည့်​ ဒုံး​ကျည်များ​၏ အကူအညီဖြင့်​ ​ပေ​လေး​သိန်း​ အမြင့်​ရောက်​အောင် ထိုး​တက်သွား​ပြီး​လျင် ထိုအမြင့်​သို့​ ​ရောက်​သောအခါ အခြား​သော အကူအင်ဂျင်များ​က တစ်နာရီ မိုင် ၁၇၀၀၀ နှုန်း​ဖြင့်​ ကမ္ဘာပတ်လမ်း​အတွင်း​ သယ်​ဆောင်သွား​ကာ ဂြိုဟ်တုကို ​နေရာချ​ပေး​ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here