စပါး​ကြီး​မြွေကို အပြိုင်လုကြသည့်​ ​တောင်​အာဖရိက သဘာဝ​ဥယျာဉ်မှ ကျား​သစ်​နှစ်​ကောင်

alt

တောင်အာဖရိကနိုင်ငံ မာလာမာလာ သဘာဝ ဥယျာဉ်ကြီး​အတွင်း​ ကျား​သစ်နှစ်​ကောင်နှင့်​ ကြီး​မား​သော စပါး​ကြီး​မြွေ တစ်​ကောင်တို့​၏ ထူး​ခြား​သော လှုပ်ရှား​မှုကို အ​မေရိကန် အ​ပျော်တမ်း​ ဓာတ်ပုံဆရာ တစ်ဦး​က မှတ်တမ်း​​တင်နိုင်ခဲ့​ကြောင်း​ သိရသည်။

ဂျိုး​ရှာနက်က ဥယျာဉ်အတွင်း​ လှည့်​လည်ရင်း​ ကျား​သစ်များ​၏ သား​ကောင်အား​ အပိုင်ရ​ရေး​ တိုက်ပွဲဝင်​နေသည့်​ မြင်ကွင်း​ကို အမှတ်မထင် မှတ်တမ်း​တင်နိုင်ခဲ့​ခြင်း​ဖြစ်သည်။ အရှည် ၂ မီတာမျှရှိ​သော အာဖရိက စပါး​ကြီး​မြွေကို ကျား​သစ်နှစ်​ကောင်က လွန်ဆွဲသည့်​နှယ် အစွန်း​နှစ်ဖက်မှကိုက်ပြီး​ အပြိုင်ဆွဲ​နေသည့်​ မြင်ကွင်း​မျိုး​ ယခင်က မမြင်ဖူး​ခဲ့​ဟု ဥယျာဉ်၏ မန်​နေဂျာ အန်တိုနီ မူလီဂန်ကဆိုသည်။ အင်အား​ခြင်း​ မမျှတမှု​ကြောင့်​ စပါး​ကြီး​မြွေခမျာ ကျား​သစ်မကြီး​လက်သို့​ သက်ဆင်း​ရပြီး​နောက် ကျား​သစ်မကြီး​သည် ​မြွေကြီး​ကို တရွတ်ဆွဲ ကိုက်ချီလာခဲ့​သည်။

သို့​သော် သူမထက် အနည်း​ငယ်မျှသာ အ​ကောင်​သေး​သည့်​ သား​ဖြစ်သူ ကျား​သစ်က ချံုထဲမှ ထွက်လာပြီး​ ​မြွေကို ၎င်းကိုယ်တိုင် အ​သေသတ်ခွင့်​ရရန် အတင်း​ဝင်လုခဲ့​ခြင်း​ဖြစ်သည်။ သန်စွမ်း​ငယ်ရွယ်​သော ကျား​သစ်ထီး​သည် ​မြွေကို အမြီး​မှကိုက်ကာ မိခင်ဆီမှ ရယူရန် အသည်း​အသန် ကြိုး​ပမ်း​ခဲ့​ခြင်း​ဖြစ်သည်။ ထို့​နောက် မိခင်နှင့်​ သား​ဖြစ်သူတို့​သည် ​မြွေ​သေကို အပိုင်စား​ရ​ရေး​အတွက် ၎င်းတို့​အား​ အံ့​အား​တသင့်​ ​ငေး​ကြည့်​နေသည့်​ ဧည့်​သည်များ​ရှေ့​တွင်ပင် အကြိတ်အနယ် တိုက်ခိုက်ကြ​တော့​သည်။

နာရီဝက်နီး​ပါး​ ကြာမြင့်​သော တိုက်ပွဲသည် မိခင်ကျား​သစ်မကြီး​က အ​လျှော့​ပေး​သွား​သည့်​နောက်တွင် အပြီး​သတ်ခဲ့​သည်။ သား​ဖြစ်သူ ကျား​သစ်မှာလည်း​ ၎င်း၏ ​အောင်​သေ​အောင်သား​ဖြစ်​သော ​မြွေကြီး​၏ အသား​ကို အနည်း​ငယ်မျှသာ စား​သောက်ပြီး​နောက် အနီး​ရှိ သစ်ပင်တစ်ပင်​ပေါ် တက်သွား​ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here