သမီး​ဖြစ်သူနှင့်​ လိင်​ဆက်ဆံသည့်​ စင်ကာပူ​​အမျိုး​သား​အား​ ​ထောင်ဒဏ်​​ချမှတ်

alt

စင်္ကာပူ တရား​ရုံး​ တစ်ခုက သမီး​​ဖြစ်သူနှင့်​ လိင်​ဆက်ဆံခဲ့​သော အမျိုး​သား​ တစ်ဦး​အား​ ​ထောင်ဒဏ်ချမှတ်လိုက်​ကြောင် သိရသည်။ အသက် ၄၇ နှစ်အရွယ် အလွတ်တန်း​ ပိုက်ဆက်​သမား​ တစ်ဦး​သည်

၂၀၀၈ ခုနှစ်၊​ ဧပြီလက ၎င်း၏​တိုက်ခန်း​ရှိ အိပ်ခန်း​တွင် အသက် ၂၀ အရွယ် သမီး​နှင့်​ လွန်ကျူး​ခဲ့​မိ​ကြောင်း​ ထုတ်​ဖော်ဝန်ခံခဲ့​သည်။ ယခုအခါ အသက် ၂၃ နှစ် ရှိ​နေပြီဖြစ်​သော သမီး​မှာလည်း​ ပြီး​ခဲ့​သည့်​ မတ်လက စွဲချက်တင်ခံရ​သော်လည်း​ ​နောက်ပိုင်း​တွင် ယင်း​စွဲချက်ကို ပယ်ဖျက်ခဲ့​သည်။ တရား​ရုံး​က အမည်မ​ဖော်ပြသူ ဖခင်သည် ၂၀၀၆ ခုနှစ်ကတည်း​က သမီး​အား​ အရက်ဆိုင်များ​သို့​ ​ခေါ်သွား​လေ့​ရှိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

အ​ဖေနှင့်​သမီး​ နီး​နီး​စပ်စပ် ​နေထိုင်မှု​ကြောင့်​ စိတ်ပိုင်း​ဆိုင်ရာ ​ပြောင်း​လဲ​ဖောက်ပြန်မှုများ​ ဖြစ်လာကာ လိင်ဆက်ဆံမှုသို့​တိုင် ​ရောက်လာခဲ့​ကြောင်း​ တရား​ရုံး​ကဆိုသည်။ တစ်​နေ့​တွင် ဖခင်ဖြစ်သူက အိပ်ရာ​ပေါ် လှဲ​နေရင်း​ သမီး​ကို​ခေါ်ရာ သူမက email စစ်​နေသဖြင့်​ မအား​လပ်​ကြောင်း​ တုန့်​ပြန်ရင်း​ စကား​များ​ခဲ့​ကြသည်။ ​နောက်ပိုင်း​တွင် သမီး​က ပြန်လည်​တောင်း​ပန်ရင်း​ အပြန်အလှန် ​ပွေ့​ဖက်ထား​ရာမှ စိတ်​ပြောင်း​ကာ လိင်မှုကျူး​လွန်ခဲ့​ခြင်း​ဖြစ်သည်။ ​

နောက်တစ်ပါတ်အကြာတွင် ဖခင်နှင့်​သမီး​ ယင်း​ကိစ္စအတွက် စကား​များ​ပြီး​နောက် သမီး​ဖြစ်သူက သူငယ်ချင်း​တစ်ဦး​ကို Text Message ​ရေး​သား​ ​ပေး​ပို့​ကာ သူမတို့​အ​ကြောင်း​ ဖွင့်​ဟတိုင်ပင်ခဲ့​သည်။ ​နောက်ပိုင်း​တွင် ရဲများ​က ထိုကိစ္စကို သိရှိပြီး​နောက် သမီး​အရင်း​နှင့်​ လိင်ဆက်ဆံခဲ့​သော ဖခင်အား​ ဖမ်း​ဆီး​ခဲ့​သည်။ ယခုအခါ ၎င်းသည် ​ထောင်ဒဏ် ၃ နှစ် ချမှတ်ခြင်း​ ခံလိုက်ရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here