နယူး​ယောက်မြို့​ရှိ အင်ပါယာစတိန် အ​ဆောက်အအုံ ထိပ်ဖျား​​သို့​ အ​ပြေး​​ပြိုင်ပွဲ ဂျာမန်​နိုင်ငံသား​​ဗိုလ်စွဲ

alt

ဂျာမန်နိုင်ငံမှ အ​ပြေး​သမား​ တစ်ဦး​သည် အ​မေရိကန်နိုင်ငံ၊​ နယူး​ယောက်မြို့​ရှိ အင်ပါယာစတိတ် အ​ဆောက်အအုံကြီး​ ထိပ်ဖျား​ထိ ​ပြေး​တက်​သော ပြိုင်ပွဲတွင် ရာနှင့်​ချီ​သော ပြိုင်ဖက်များ​ကို အနိုင်ယူ ဗိုလ်စွဲခဲ့​သည်။

​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့​က ပြုလုပ်​သော ပြိုင်ပွဲတွင် ဂျာမန်အင်ဂျင်နီယာ ​ကျောင်း​သား​တစ်ဦး​ဖြစ်​သော အသက် ၂၆ နှစ်အရွယ် ​သောမတ်​ဒေါက ဗိုလ်စွဲခဲ့​သည်။ ၎င်းသည် ​လှေခါး​ထစ် ၁၅၇၆ ခုကို ဖြတ်​ကျော်ကာ ၁၀ မိနစ်၊​ ၁၀ စက္ကန့်​ဖြင့်​ ၈၆ ထပ် အ​ဆောက်အအုံ ထိပ်ဆုံး​သို့​ ​ရောက်ရှိခဲ့​သည်။

အသက် ၂၄ နှစ်ရှိ အဲလစ်မက်နာမာရာသည် အမျိုး​သမီး​များ​အနက် အမြန်ဆုံး​ ဖြစ်လာခဲ့​ပြီး​ ၁၃ မိနစ် ၃ စက္ကန့်​ဖြင့်​ ပန်း​ဝင်ခဲ့​သည်။ ​သောမတ်က ၆ နှစ်ဆက်တိုက် ထိုပြိုင်ပွဲကို ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​သည့်​ အ​တွေ့​အကြံု​ကောင်း​များ​က ဗိုလ်စွဲရန် အ​ထောက်အကူ ပြုခဲ့​ကြောင်း​ သတင်း​ထောက်များ​အား​ ​ပြောကြား​ခဲ့​သည်။

​ပြေး​ရသည်မှာ ရှည်ကြာလွန်း​ကြောင်း​၊​ သို့​သော်လည်း​ မိမိလုပ်နိုင်ခဲ့​ကြောင်း​ ​သောမတ်ကဆိုသည်။ ယခုပြိုင်ပွဲတွင် အသက်အကြီး​ဆုံး​အဖြစ် သတ်မှတ်ခံရသူ ရ၇ နှစ်အရွယ် ဂင်း​နက်ဘီဒရက်ကလည်း​ ၂၂ မိနစ် ၁၅ စက္ကန့်​ဖြင့်​ ပန်း​ဝင်နိုင်ခဲ့​သည်။ ဂင်း​နက်က မိမိသည် ပန်း​ဝင်သည်အထိ ​ပြေး​နိုင်မည်ဟု ယုံကြည်ချက် ထား​ရှိခဲ့​ကြောင်း​၊​ ဘဝသည် အချည်း​နှီး​ ကုန်ဆုံး​ရန် နှ​မြောစရာ ​ကောင်း​လောက်​အောင် တို​တောင်း​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here