ဒိုင်ယာနာ၏တူမဖြစ်သူ တရား​စွဲခံရမည့်​ အ​ခြေအ​နေနှင့်​ ရင်ဆိုင်​နေရ

alt

ကွယ်လွန်သူ ဗြိတိသျှ မင်း​သမီး​ဟောင်း​ ဒိုင်ယာနာ၏ တူမဖြစ်သူသည် ရက်စက်ကြမ်း​ကြုတ်​သော အပြုအမူ တစ်ခု​ကြောင့်​ တရား​စွဲခံရမည့်​ အ​ခြေအ​နေနှင့်​ ရင်ဆိုင်​နေရသည်။

အသက် ၁၈ နှစ်ရှိ အယ်မီလီယာသည် ဒိုင်ယာနာ၏ အစ်ကို အား​စပင်ဆာ၏ သမီး​ဖြစ်သည်။ ​တောင်အာဖရိကတွင် ရှိ​နေစဉ်က သူမသည် ချိုင်း​ထောက်နှင့်​ လူတစ်​ယောက်ကို ကန်​ကျောက် ရိုက်နှက်ပြီး​နောက် ​သောက်​နေသည့်​ စီး​ကရက်ကိုပါ လဲ​နေသူ​ပေါ် ပစ်ချသွား​ကြောင်း​ တရား​ရုံး​ တစ်ခုက စွပ်စွဲ​ဖော်ပြထား​သည်။ တက္ကစီ တစ်စင်း​ပေါ် လိုက်ပါလာ​သော ရီဆီဆင်တီအား​ အမ်မီလီယာက အကြမ်း​ဖက် ရန်ပြုခဲ့​ကြောင်း​ ​တောင်အာဖရိက ရဲတပ်ဖွဲ့​ကဆိုသည်။ ကိပ်​တောင်း​မြို့​ရှိ ဟမ်ဘာဂါဆိုင် တစ်ခု​ရှေ့​ လူအများ​ တန်း​စီ​နေစဉ် အမ်မီလီယာ၏ ယခုလုပ်ရပ်ကို ​တွေ့​မြင်ခဲ့​ကြသည်။

အသက် ၂၇ နှစ်ရှိ ဆင်တီသည် ထိုစဉ်က ​ဘောလုံး​ကန်ရင်း​ ​ခြေ​ထောက်ဒဏ်ရာ ရရှိထား​သဖြင့်​ ချိုင်း​ထောက်ကို သုံး​နေရ​ကြောင်း​ဆိုသည်။ ၎င်းက အမ်မီလီယာသည် မိမိအား​ ကား​ထဲမှ ဆွဲထုတ်ပြီး​ တိုက်ခိုက်ခဲ့​ခြင်း​ဟု စွပ်စွဲ​ပြောဆိုထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here