ဩစ​တြေး​လျနိုင်ငံတွင် ​တောမီး​လောင်ကျွမ်း​

alt

ဩစ​တြေး​လျနိုင်ငံ၊​ ပတ်သ်မြို့​အနီး​ ​တောမီး​များ​ စတင်​လောင်ကျွမ်း​နေသဖြင့်​ ယင်း​ဒေသကို သဘာဝ ​ဘေး​အန္တရာယ် ကျ​ရောက်​နေ​သော ဇုန်အဖြစ် သတ်မှတ်​ကြေညာထား​ကြောင်း​ သိရသည်။

အ​နောက်ဩစ​တြေး​လျ ပြည်နယ်အုပ်ချုပ်​ရေး​မှူး​ ​ကောလင်း​ဘား​နက်က ပတ်သ်မြို့​အနီး​ ​တောမီး​စတင် ​လောင်ကျွမ်း​နေ​သော ​ဒေသကို အန္တရာယ်ဇုန် သတ်မှတ်​ကြောင်း​ ​ကြေညာခဲ့​သည်။ ချံုပုတ်များ​မှ စတင်​လောင်ကျွမ်း​သော ​တောမီး​သည် အနီး​အနား​ရှိ အိမ်​ခြေအ​ဆောက်အအုံ ၅၉ လုံး​မျှကို ဝါး​မြိုဖျက်ဆီး​ခဲ့​သည်။

ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်ကုန်က စတင်​လောင်ကျွမ်း​သော ​တောမီး​ကို မီး​သတ်ဝန်ထမ်း​ ၁၀၀ ​ကျော်က ထိန်း​ချုပ်ရန် ကြိုး​စား​နေဆဲ ဖြစ်​သော်လည်း​ ​တောမီး​သည် တစ်နာရီလျင် မီတာတစ်ရာမျှ ​ရှေ့​တိုး​လောင်ကျွမ်း​နေဆဲဖြစ်သည်။ ​တောမီး​လောင်ကျွမ်း​မှု​ကြောင့်​ ဟက်တာ ၄၄၀ မျှ ပျက်စီး​ဆုံး​ရှံုး​ကာ လျှပ်စစ်လိုင်း​များ​လည်း​ ပြတ်​တောက်ကုန်သည်။ ​ဒေသတွင်း​ရှိ ​ကျောင်း​နှစ်ခုကိုလည်း​ ပိတ်ထား​လိုက်ရပြီဖြစ်သည်။

​တောမီး​သည် ပတ်သ်မြို့​ ဆင်​ခြေဖုံး​ ​ဒေသများ​ထိ ခြိမ်း​ခြောက်လာနိုင်ဖွယ် ရှိ​နေပြီး​ အာဏာပိုင်များ​က ယင်း​ဒေသများ​ကို လိုအပ်လျင် ချက်ချင်း​ရွှေ့​ပြောင်း​နိုင်​ရေး​ ပြင်ဆင်ထား​ရန် အ​ရေး​ပေါ် အ​ခြေအ​နေ ထုတ်ပြန်ထား​ရသည်။ ​တောမီး​လောင်ကျွမ်း​မှုအတွင်း​ ထိခိုက်​သေဆုံး​မှု သတင်း​များ​ မရရှိ​သေး​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here